တာချီလိတ် ရေကြီး

တာချီလိတ် ရေကြီး

သြဂုတ် ၄ ရက် ။       ။ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နယ်စပ်ဈေးများ ရေကြီးနေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

သုံးရက်ကြာမိုးသည့်ထန်ခဲ့သဖြင့် နှစ်နိုင်ငံကြား နယ်နိမိတ် ရှိ မယ်ဆိုင်ချောင်း ရေတက်လာသဖြင့် ထိုင်းဖက်ကမ်းရှိ Sailom Joy ဈေးရှိ ဆိုင်ပိုင်ရှင်များမှာ ၎င်းတို့၏ ရောင်းကုန်ပစ္စည်းများကို မြေမြင့်ရာသို့ အပြေးအလွှား ရွှေ့ပြောင်းခဲ့ကြရသည်။

မယ်ဆိုင်ချောင်းရေလျှံသဖြင့် ချောင်းနှင့်နီးစပ်သည့် ပုန်းထွန်ရပ်ကွက်၊ တာလေ့ရပ်ကွက်နှင့် မေဖလားဝါးကွင်း သို့ ရေဝင်ရောက်ခဲ့ကြောင်း တာချီလိတ်သတင်းအေဂျင်စီကလည်း သြဂုတ် ၄ ရက်ကဖော်ပြ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly