စျေးကွက်အတွင်း ခွင့်မပြုဆိုးဆေးများအသုံးပြုထားသော စားသောက်ကုန်များ တွေ့ရှိ

စျေးကွက်အတွင်း ခွင့်မပြုဆိုးဆေးများအသုံးပြုထားသော စားသောက်ကုန်များ တွေ့ရှိ

ဇွန် ၂၁၊ ရန်ကုန် ။            ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဈေးကွက်အတွင်း ခွင့်မပြုဆိုးဆေးများ အသုံးပြုထားသည့် စားသောက်ကုန် (၁၅)မျိုးကို စစ်ဆေးတွေ့ရှိခဲ့သည် ဟု ထုတ်ပြန်ထားသည်။

ထုတ်ပြန်ခဲ့သည့် စားသောက်ကုန်များမှာ အောင်ဆုမွန် လက်ဖက်၊ WPK  ချယ်ရီသီး (Dehydrated Fruits)၊ ယု  ငရုတ်သီးပုံချိုချဉ်၊ ရွှေသရဖူ လက်ဖက်၊ စိန်မြ ပုဇွန်ငါးပိ၊ ရွှေပင်လယ် ကြက်သွန်မုန့်၊   အောင်ဆုမွန် လက်ဖက်ထောင်းနှပ်၊ မြဟန်ဂုဏ် အရောင်တင်မှုန့်၊ လင်းလင်းဖြိုး မရွေး၊ ထိပ်တန်း အရောင်တင်မှုန့်၊ ပွင့်လန်း ရောင်စုံဘောလုံးချိုချဉ်၊ မေငြိမ်းချမ်း ပဲကြီးလှော်၊ ဇွန်ပန်းနွယ် ချယ်ရီသီး၊ ဟော်နန်းသူဇာ လက်ဖက်ခြောက်၊ Miki-ko ချယ်ရီသီးတို့ ဖြစ်သည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူသွားမည်ဟု အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly