ဂွါတီမာလာနိုင်ငံ၌ မြေပြိုမှုကြောင့် ၁၁ဦးသေဆုံး

ဂွါတီမာလာနိုင်ငံ၌ မြေပြိုမှုကြောင့် ၁၁ဦးသေဆုံး

ဂွါတီမာလာစီးတီး၊ ဇွန် ၂၁  ။          ။ ဂွါတီမာလာနိုင်ငံရှိ ဒေသခံတိုင်းရင်းသားများ နေထိုင်ရာ ရွာတစ်ခု၌ အင်္ဂါနေ့က ရွှံ့မြေပြိုကျမှုကြောင့် ၁၁ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၉ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

သည်းထန်စွာရွာသွန်းခဲ့သောမိုးသည် ရွှံ့မြေပြိုကျမှုများကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံအနောက်ပိုင်းရှိ ဆန်ပီဒရိုဆိုလိုမာ ကျေးရွာမှ နေအိမ်ငါးလုံးခန့်ကို ဝါးမြိုသွားခဲ့ကြောင်း နိုင်ငံတော် သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲရေးဌာနမှ အကြီးအကဲဖြစ်သူ ဆာဂျီယိုကာဘာနက်စ်က ပြောခဲ့သည်။

ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သော ဗီဒီယိုသတင်းအရ မက္ကစီကိုနယ်စပ်နှင့် နီးကပ်စွာရှိသော တောင်ထူထပ် သည့် ဒေသမှ ရွှံ့မြေပြိုကျမှုကို ကြုံတွေ့ခဲ့ရသည့် ကျေးရွာရှိလူများသည် အသက်ရှင်ကျန်ရစ်သူများကို အပျက် အစီးများကြားမှ လိုက်လံရှာဖွေနေသည်ကို တွေ့မြင်ရသည်။

“မြေပြင်အနေအထားဟာ ပြည့်ပြည့်၀၀ တည်ငြိမ်မှုမရှိသေးပဲ နောက်ထပ်ဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးတွေ ထပ်မံ ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ကာဘာနက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လွန်ခဲ့သော လကတည်းက ဂွါတီမာလာနိုင်ငံအတွင်း၌ သည်းထန်စွာရွာသွန်းနေသော မိုးကြောင့် သေဆုံးသူ ၇ဦးခန့် ရှိခဲ့ပြီး လူပေါင်း ၅သောင်းခန့်ကို နေရာပြောင်းရွှေ့ပေးထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly