မြန်မာတပ်ချုပ်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး တွေ့ဆုံပြီး လုံခြံုရေးဆိုင်ရာကိစ္စများ ပူးပေါင်းရန် ဆွေးနွေး

မြန်မာတပ်ချုပ်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး တွေ့ဆုံပြီး လုံခြံုရေးဆိုင်ရာကိစ္စများ ပူးပေါင်းရန် ဆွေးနွေး
ဓါတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဇွန် ၂၁ ။            ။ ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားကာကွယ်ရေးဝန်ကြီး Army General Sergey K. Shoigu တို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားကာကွယ်ရေးဝန်ကြီးက ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုခဲ့သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ၊ ပညာတော်သင် အရာရှိ သင်တန်းသားများ တိုးချဲ့စေလွှတ်ရန် ၊ စစ်ဘက်ဆိုင်ရာ   ဆေးပညာသင်တန်းများ  စေလွှတ်ရန် နှစ်နိုင်ငံ အဆင့်မြှင့်အရာရှိကြီးများ အပြန်အလှန်လည်ပတ်ရန် စသည့် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းအပြင် ရုရှားကာကွယ်ရေးဝန်ကြီးက မြန်မာတပ်မတော်ပိုင်လေယာဉ် Y-8 မတော်မဆ ပျက်ကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသည့် တပ်မတော်အရာရှိ စစ်သည် မိသားစုများအပေါ် ဝမ်းနည်းကြောင်း   ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly