ငြိမ်းချမ်းရေးအတွက် အမေရိကန်က ကြိုးစားနေသည့်ကြားက အစ္စရေးက အနောက်ဖက်ကမ်း၌ အိမ်ရာသစ်များ တည်ဆောက်

ငြိမ်းချမ်းရေးအတွက် အမေရိကန်က ကြိုးစားနေသည့်ကြားက အစ္စရေးက အနောက်ဖက်ကမ်း၌ အိမ်ရာသစ်များ တည်ဆောက်

ဂျေရုဆလင်၊ ဇွန် ၂၁ ။          ။ အမေရိကန်သံတမန်များက ငြိမ်းချမ်းရေး ဆွေးနွေးပွဲသစ်များ စတင်နိုင်ရေး လုံးပမ်းနေစဉ် အနောက်ဖက်ကမ်း၌ အစ္စရေးက အိမ်ရာသစ်များ တည်ဆောက်ခြင်း စတင်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ဇွန် ၂၀ ရက်တွင် ကြေညာသည်။

နှစ်ပေါင်း ၂၅ နှစ်တာ ကာလအတွင်း ပါလက်စတိုင်းပိုင်နက်တွင် အစိုးရခွင့်ပြုသော ဂျူးအိမ်ရာသစ်များ ပထမဆုံးတည်ဆောက်မှုအဖြစ် အမ်မီချိုင်းအိမ်ရာသစ်များကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။

အစ္စရေးဟိုက်ကုတ်တရားရုံးက ပါလက်စတိုင်းပိုင်နက်အတွင်း တရားမဝင်တည်ဆောက်ထားသည်ဆိုကာ ဖျက်သိမ်းစေခဲ့သည့် အမ်မိုနာအိမ်ရာများမှ မိသားစုပေါင်း ၄၀ နီးပါးအတွက် ယခုအိမ်ရာသစ်များကို တည်ဆောက်ခြင်းဖြစ်သည်။

“ဒီနေ့မှာ မြေပေါ်မှာ အိမ်ရာသစ် တည်ဆောက်ရေး စတင်ပါတယ်။ ကျွန်တော် ကတိပြုပါတယ်။ အမ်မိုနာက ဖျက်သိမ်းခံရတဲ့ မိသားစုတွေအတွက် အိမ်ရာသစ်တွေ တည်ဆောက်ပေးသွားမယ် ဆိုတာကိုပါ။ ”ဟု အိမ်ရာသစ် တည်ဆောက်ရာမှ ဘူဒိုဇာနှင့် မြေတူးနေမှုပုံနှင့်အတူ တွစ်တာတွင် တင်၍ နေတန်ယာဟုက ရေးသားထားခြင်းဖြစ်သည်။

“နှစ်အတော်ကြာပြီးနောက်မှာ ကျွန်တော်အနေနဲ့ ဝန်ကြီးချုပ်အဖြစ် အိမ်ရာသစ်တွေ တည်ဆောက်ဖို့ အခွင့်အရေး ရှိပါတယ်။”ဟု တွစ်တာတွင် နေတန်ယာဟုက ရေးသည်။

အစ္စရေးအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်များတွင် အိမ်ရာသစ်များ တည်ဆောက်ခြင်း မရှိသော်လည်း ရှိပြီးသား အိမ်ရာများကို တိုးချဲ့ခြင်းများ ပစ်မှတ်ထား လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly