ကာရီဖစ်ရှာကွယ်လွန်ချိန်တွင် သူမ၏ ခန္ဓာကိုယ်တွင်း၌ ကိုကင်းသုံးစွဲထားကြောင်း တွေ့ရှိ

ကာရီဖစ်ရှာကွယ်လွန်ချိန်တွင် သူမ၏ ခန္ဓာကိုယ်တွင်း၌ ကိုကင်းသုံးစွဲထားကြောင်း တွေ့ရှိ

နာမည်ကျော် စတားဝါးရုပ်ရှင်ဇာတ်ကားများ၏ မင်းသမီးဖြစ်သူ ကာရီဖစ်ရှာ ကွယ်လွန်ချိန်တွင် သူမ၏ ရုပ် အလောင်းကို ကြည့်ရှုစစ်ဆေးချက်အရ ခန္ဓာကိုယ်တွင်း၌ ကိုကင်းအပါအဝင် မူးယစ်ဆေးသုံးမျိုးခန့် သုံးစွဲထား ခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့ရသည်။

တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော အလောင်းကို ကြည့်ရှုစစ်ဆေးချက်၏ အစီရင်ခံစာအရ ကာရီဖစ်ရှာသည် သူမကွယ်လွန်ခဲ့သော ဒီဇင်ဘာ ၂၃ရက်နေ့ မတိုင်မီ သုံးရက်အလိုတွင် ကိုကင်းသုံးစွဲထားသည်ကို တွေ့ရှိခဲ့ရ ကြောင်း အမေရိကန် မီဒီယာများက သတင်းတင်ပြခဲ့ကြသည်။

ဒါ့အပြင် သူမ၏ ခန္ဓာကိုယ်တွင်း၌ ဘိန်းဖြူနှင့် စိတ်ကြွဆေး သုံးစွဲထားသည်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း စုံစမ်းစစ်ဆေးသူများက ကိုကင်းနှင့် အခြားမူးယစ်ဆေးဝါးများသည် သူမ၏ သေဆုံးမှုအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်ခဲ့သလဲဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်သေးကြောင်း သိရသည်။

ယခုလိုရှာဖွေတွေ့ရှိမှုများသည် လော့စ်အိန်ဂျယ်လိစ်ဆေးရုံသို့ ကာရီဖစ်ရှာ ရောက်ရှိလာခဲ့ချိန်တွင် ယူဆောင် ထားသော နမူနာစစ်ချက်များနှင့် အဆိပ်လေ့လာမှုဗေဒကို အခြေခံထားခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးသူများက ကယ်ရီဖစ်ရှာသည် မည်သည့်အချိန်တွင် စိတ်ကြွဆေးနှင့် ဘိန်းဖြူသုံးစွဲထားသည်ကို မပြောနိုင်သေးကြောင်း သိရသည်။

ကာရီဖစ်ရှာသည် နာမည်ကျော် စတားဝါးဇာတ်ကားများတွင် မင်းသမီးလီယာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး လွန်ခဲ့သော ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly