အစိုးရ၏ နည်းပညာစနစ်ဖွံ့ဖြိုးရေးအတွက် သမ္မတဒေါ်နယ်ထရမ့်က ထိပ်တန်းနည်းပညာကုမ္ပဏီ အကြီးအကဲများထံမှ အကြံဉာဏ်တောင်းခံ

အစိုးရ၏ နည်းပညာစနစ်ဖွံ့ဖြိုးရေးအတွက် သမ္မတဒေါ်နယ်ထရမ့်က ထိပ်တန်းနည်းပညာကုမ္ပဏီ အကြီးအကဲများထံမှ အကြံဉာဏ်တောင်းခံ

ဇွန် ၂၀ ။               ။ အမေရိကန်အစိုးရ လက်ရှိအသုံးပြုနေတဲ့ နည်းပညာစနစ်တွေ ပိုပြီးထိရောက်မြန်ဆန်ကောင်းမွန်လာနိုင်ရေး အကြံဉာဏ်တောင်းခံဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံမှာရှိတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီး ၁၈ ခုရဲ့ အကြီးအကဲတွေနဲ့ ဇွန်လ ၁၉ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။

လက်ရှိအချိန်မှာ အိမ်ဖြူတော်အစိုးရအနေနဲ့ သတင်းအချက်အလက်နည်းပညာစနစ်တွေကို ခေတ်မမီတော့ဘူးလို့ ယူဆထားပြီး ယင်းစနစ်တွေကို အဆင့်မြှင့်တင်ချင်နေတာဖြစ်ပါတယ်။ အလားတူ ခုလို အဆင့်မြှင့်တင်ခြင်းနဲ့အတူ မလိုအပ်တာတွေကို လျှော့ချဖြတ်တောက်နိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း ပိုတိုးတက်စေနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ခုလို အစိုးရအသုံးပြုနေတဲ့ နည်းပညာစနစ်တွေကို အဆင့်မြှင့်တင်လိုက်ခြင်းအားဖြင့်လည်း လာမယ့် ဆယ်နှစ်အတွင်း နိုင်ငံအတွက် ဒေါ်လာ ၁ ထရီလီယံ သက်သာသွားစေနိုင်မယ်လို့လည်း ထရမ့်က ခန့်မှန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ကတော့ ဗဟိုအစိုးရရဲ့ နည်းပညာအသုံးပြုမှုပိုင်းကို ကောင်းကောင်း ပြောင်းလဲလိုက်ချင်ပါပြီ၊ ဒါမှလည်း ပြည်သူ့နိုင်ငံသားတွေအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ   ပေးနိုင်မှာဖြစ်ပါတယ်" လို့ ထရမ့်က ပြောပါတယ်။

" အမေရိကန်တို့အတွက် ကမ္ဘာမှာခေတ်အမီဆုံး အစိုးရတစ်ရပ်တော့ ရှိသင့်ပါတယ်၊ ခုက အဲဒီလို မရှိသေးပါဘူး" လို့ Apple စီအီးအို Tim Cook က ပြောပါတယ်။ အလားတူ Amazon စီအီးအို Jeff Bezos ကလည်း သူ့အနေဲ့ ထရမ့်အစိုးရကို စီးပွားဖြစ် ရရှိနိုင်တဲ့ နည်းပညာတွေကို အသုံးပြုစေချင်ကြောင်းနဲ့ ဝန်ထမ်းလေ့ကျင့်သင်ကြားမှု၊ AI နည်းပညာ နဲ့ mechine learning တို့ကိုလည်း အသုံးပြုလို့ရစေချင်ကြောင်း ပြောကြားသွားပါတယ်။

ယခု အစည်းအဝေးပွဲကိုတော့ Apple ၊ Aphabet နဲ့ Amazon တို့အပါအဝင် နိုင်ငံတွင်းက ထိပ်တန်းနည်းပညာကုမ္ပဏီကြီး ၁၈ ခုက အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly