လန်ဒန်တာဝါမီးလောင်မှု၌ သေဆုံးသူဦး ရ၉ ဦးရှိလာပြီး နောက်ထပ် ထပ်တိုးနိုင်ခြေရှိ

လန်ဒန်တာဝါမီးလောင်မှု၌ သေဆုံးသူဦး ရ၉ ဦးရှိလာပြီး နောက်ထပ် ထပ်တိုးနိုင်ခြေရှိ

လန်ဒန်၊ ဇွန် ၁၉ ။           ။ လန်ဒန်ရှိ Grenfall Tower မီးလောင်မှုတွင် သေဆုံးသူဦးရေသည် ၇၉ ဦးထိ ရှိပြီဟု ရဲတပ်ဖွဲ့က ဇွန် ၁၉ ရက်၌ နောက်ဆုံးထုတ်ပြန်သည်။

ယင်းသေဆုံးသူများတွင် ငါးဦးကိုသာ မည်သူမည်ဝါဖြစ်ကြောင်း တရားဝင်ခွဲခြားနိုင်သေးသည်။

အထပ် ၂၄ ထပ်ရှိ တာဝါတစ်ခုလုံး ဆိုးဆိုးဝါးဝါး မီးလောင်ထားရာတွင် ရှာဖွေထောက်လှမ်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်၍ သေဆုံးသူဦးရေ ထပ်တိုးနိုင်သည်ဟု ရဲမှူးကန်ဒီက ပြောသည်။

"မိသားစုပြည်သူတွေနဲ့အတူ ကျွန်တော်တို့တွေရဲ့ နှစ်ရက်တိုင်တိုင် မပြတ်ဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် မီးလောင်မှုဘေးမှာ ပျောက်ဆုံးနေသူ မည်မျှရှိမယ်ဆိုတာ သိလာရမှာဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။

မီးအကြီးအကျယ်လောင်ကျွမ်းသည့် တာဝါ၏ အတွင်းပိုင်းပုံများကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ရာတွင် အလွန်ဆိုးဝါးစွာ လောင်ကျွမ်းပျက်ဆီးမှုများကို မြင်တွေ့ရသည်။

“အခြေအနေက မီးလောင် ပျက်စီးမှုဟာ ပြောမပြနိုင်လောက်အောင်ကို ဆိုးဝါးတယ်။”ဟု ရဲမှူး ကန်ဒီက ပြောပြီး အဆောက်အအုံတွင်း ရှာဖွေရေးလုပ်ငန်းများကို သီတင်းပတ်များစွာ ဆောင်ရွက်ရလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly