ရီးယဲလ်ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်အထိ ဖလော်ရင်တီနိုပီရက်ဇ် ဆက်ရှိမည်

ရီးယဲလ်ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်အထိ ဖလော်ရင်တီနိုပီရက်ဇ် ဆက်ရှိမည်

ဇွန် ၁၉၊ စပိန် ။                  ။ လက်ရှိ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်သည် ၎င်းကိုယှဉ်ပြိုင်မည့်ပြိုင်ဘက်မရှိသည့်အတွက် ရီးယဲလ်ဥက္ကဋ္ဌရာထူးကို ၂၀၂၁ ခုနှစ်အထိ ဆက်လက်တာဝန် ထမ်းဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ပီရက်ဇ်သည် ရီးယဲလ်ဥက္ကဋ္ဌတာဝန်ကို ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပထမတစ်ကြိမ်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ယခုအချိန်အထိ ဒုတိယတစ်ကြိမ် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်း   ဖြစ်သည်။

ပီရက်ဇ်သည် သူ၏လက်ထက်တွင် ကမ္ဘာကျော်ဘောလုံးသမားများဖြစ်သော ဇီဒန်း၊ ဖီဂို၊ ဘက်ခမ်း၊ ရိုနယ်ဒို၊ ကာကာ၊ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်၊ ဘန်ဇီမာတို့ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးများ အသုံးပြုကာ ခေါ်ယူခဲ့ပြီး ရီးယဲလ်အသင်းကို ကြယ်စင်စုအသင်းအဖြစ်ပြောင်းလဲခဲ့သူဖြစ်သည်။

သူ၏လက်ထက်တွင် လာလီဂါဆုဖလားလေးကြိမ်၊ ချန်ပီယံလိဂ်ဖလားလေးကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ဖလား ၂ကြိမ်၊ စပိန်စူပါဖလား ၃ ကြိမ်၊ ဥရောပစူပါဖလား ၃ ကြိမ် ရယူနိုင်ခဲ့သည်။

လက်ရှိတွင်လည်း ပီရက်ဇ်သည် မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly