နောက်ဖေးလမ်းကြားက အပန်းဖြေစရာဟု ရန်ကုန်မြို့တော်ဝန်ပြော

နောက်ဖေးလမ်းကြားက အပန်းဖြေစရာဟု ရန်ကုန်မြို့တော်ဝန်ပြော

ရန်ကုန်၊ ဇွန် ၁၉ ။            ။ ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြားများသည် ပြည်သူများ သွားရောက်အပန်းဖြေရမည့်နေရာ သာဖြစ်သင့်သည်ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက   ပြောကြားလိုက်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဇွန် ၁၇ ရက်ပြုလုပ်ခဲ့သည့် ကျောက်တံတားမြို့နယ် ၃၉ လမ်း ပန်းဥယျာဉ်နှင့် ကလေးကစားကွင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ နောက်ဖေးလမ်းကြားဆိုတာ အပန်းဖြေရမယ့်နေရာ အမှိုက်ပစ်ရမယ့်နေရာတွေမဟုတ်ဘူး “ ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုသည်။

အဆိုပါ ဖွင့်ပွဲမိန့်ခွန်းတွင် လျှပ်စစ်သာ အဆင်ပြပါက ရန်ကုန်မြို့တွင်း လမ်းမကြီးများ၏ အောက်တွင် နေချင်စဖွယ် မြေအောက်မြို့တော် ဖြစ်အောင် ဖန်တီးမည်ဟုလည်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ကျောက်တံတားမြို့နယ်တွင် အမှိုက်စွန့်ပစ်မှု လျော့ကျမှု စေရန် နောက်ဖေးလမ်းကြားများ၌ CCTV ၃၅၀ တပ်ဆင်ထားပြီး စီစီတီဗီများတပ်ဆင်ထားသော်တပ်ဆင်ထားသည်မှာ ၄ လခန့်ရှိပြီဖြစ် သော်လည်း အသုံးမချနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သည့် ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား စသည့် မြို့နယ်များတွင် ဒုစရိုက်မှုများ လျော့ပါးစေရန်နှင့် ပြည်သူများ၏ လူမှုဘ၀ လုံခြုံရန် ပြည်ထောင်စုလွှတ်တော်မှ ချမှတ်ပေးသည့် ဘတ်ဂျက်ငွေ သိန်းတစ်ထောင်ဖြင့် စီစီတီဗီများ တပ်ဆင်ထားခြင်းဖြစ်သည်။

သို့သော် မေလပိုင်းက ဒို့အိမ်အဖွဲ့နှင့် မြို့တော်စည်ပင်၊ ရပ်ကွက်နေပြည်သူတွေ ပေါင်းပြီး နောက်ဖေးလမ်းကြားတွင် အလှဆင်ခဲ့သော်လည်း ကျောက်တံတားမြို့နယ်ရှိ ၃၉လမ်း နှင့် ပန်းဘဲတန်းမြို့နယ်ရှိ ၂၇ လမ်း နောက်ဖေး လမ်းကြားတွေကို အလှဆင်ခဲ့သော်လည်း အမှိုက်ပြန်လည် စွန့်ပစ်မှုများ ရှိနေသေးသည်။ ၎င်းအနေဖြင့် ရန်ကုန်မြို့တော်ဝန် တာဝန်ယူထားရသည့်အချိန်အတွင်း လူတစ်စုအတွက် အလုပ်လုပ်မည်ဟု မဟုတ်ဘဲ ပြည်သူလူထုအတွက်သာ စဉ်းစားပြီးအလုပ်လုပ်မည်ဟု ဦးမောင်မောင်စိုးက ကတိပေးပြောဆိုခဲ့ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly