ဘူးသီး​တောင်​ ဂူတာပြင်​​တောင်ရွာ​ ရာအိမ်​မှူးတစ်ဦး ဓားထိုးခံရမှုဖြစ်ပွား

ဘူးသီး​တောင်​ ဂူတာပြင်​​တောင်ရွာ​ ရာအိမ်​မှူးတစ်ဦး ဓားထိုးခံရမှုဖြစ်ပွား
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဇွန် ၁၇ ။               ။ ဘူးသီးတောင်မြို့နယ် ဘူးသီးတောင် ဂူတာပြင်ကျေးရွာအုပ်စု ဂူတာပြင်တောင်ရွာနေ ရာအိမ်မှူးတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားသည်ဟု ဇွန်လ ၁၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဂူတာပြင်ကျေးရွာအုပ်စု ဂူတာပြင်တောင်ရွာနေ ရာအိမ်မှူး ဟာဘီဇူ ၅၂ နှစ်သည် ဆယ်အိမ်မှူး ဆူလ်တန် ၄၀ နှစ်နှင့်အတူ ဇွန် ၁၆ ရက် ည ၁၁ နာရီခန့်တွင် ရွာကင်းများအား သွားရောက်စစ်ဆေးခဲ့ရာမှ နေအိမ်အပြန်တွင် ဓားဖြင့် ထိုးခံခဲ့ရခြင်းဖြစ်သည်။

ပုဆိုးဖြင့် မျက်နှာဖုံးထားသည့် အမည်မသိလူ ၅ ဦး အမှောင်ထဲမှ ရုတ်တရက်ထွက်လာပြီး လူ ၁ ဦးက ရာအိမ်မှူးကို ဓားဖြင့်ထိုးရာ ၎င်းမှာ ဝမ်းဗိုက်အူထွက်ဒဏ်ရာရခဲ့သည်။

အိမ်ပေါ်မှ သားဖြစ်သူ ရှော်ဘီအစ္စလာမ် ဆင်းလာစဉ် နောက်ထပ် လူ ၁ ဦးက ခဲဖြင့်ပစ်ပေါက်သဖြင့် သားဖြစ်သူ၏ ဦးခေါင်းထိမှန်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး အမည်မသိလူ ၅ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသည့်ရာအိမ်မှူ း(စိုးရိမ်ရ)နှင့်သားဖြစ်သူ (မစိုးရိမ်ရ)တို့ ၂ ဦးအား ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ညောင်ချောင်းနယ်မြေရဲစခန်း၌ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly