ရွေးကောက်ပွဲမှာ ရုရှစွက်ဖက်မှုရှိ မရှိကိစ္စနဲ့ပတ်သက်လို့ မိမိလည်း စုံစမ်းစစ်ဆေးခံနေရကြောင်း ထရမ့် ထုတ်ဖော်

ရွေးကောက်ပွဲမှာ ရုရှစွက်ဖက်မှုရှိ မရှိကိစ္စနဲ့ပတ်သက်လို့ မိမိလည်း စုံစမ်းစစ်ဆေးခံနေရကြောင်း ထရမ့် ထုတ်ဖော်

ဇွန် ၁၇ ။            ။ အမေရိကန် ရွေးကောက်ပွဲတွင် ရုရှတို့ ဝင်စွက်ခဲ့ခြင်းရှိမရှိ စုံစမ်းမှုနှင့်စပ်လျင်း၍ မိမိပါ စုံစမ်းစစ်ဆေးခံနေရကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာကနေတဆင့် ထုတ်ဖော်သွားခဲ့သည်။

အလားတူ ပြီးခဲ့သည့်လက FBI အကြီးအကဲကို ရာထူးမှထုတ်ပယ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း စစ်မေးခံနေရကြောင်း ထရမ့်က ပြောဆိုသွားခဲ့သေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းကတည်းက သမ္မတ ထရမ့်အနေဖြင့်  နိုင်ငံ၏ တရားရေးအပေါ် နှောက်ယှက်ဟန့်တားခဲ့ခြင်းရှိမရှိ အထူးစုံစမ်းရေးကောင်စီက စုံစမ်းစစ်ဆေးနေသည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားပြီးနောက် ယခုကဲ့သို့ထရမ့်က ထုတ်ဖော်လိုက်ခြင်းလည်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် ရုရှနှင့်လျို့ဝှက်ပေါင်းကြံခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုကိစ္စကြောင့် FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမီအား ထရမ့်က ရာထူးမှ ထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်နေလျက်ရှိသည်။

သို့သော် အဆိုပါစုံစမ်းစစ်ဆေးမှုကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားခဲ့ခြင်းမရှိကြောင်း ထရမ့်က ငြင်းဆိုထားသည်။

"FBI ဒါရိုက်တာကို ထုတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ကျူပ် စစ်ဆေးခံနေရပါတယ်၊ အဲဒီစစ်ဆေးတဲ့သူကလည်း အဲဒီ FBI ဒါရိုက်တာကို ထုတ်ဖို့ ကျူပ်ကို ပြောခဲ့တဲ့သူပါ" ဟု ထရမ့်က တွစ်တာတွင်   ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags