အမှိုက်ကင်းစင်ရေးကို ရည်ရွယ်ပြီး ၃၉ လမ်းတွင် ပန်းဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်လှစ်

အမှိုက်ကင်းစင်ရေးကို ရည်ရွယ်ပြီး ၃၉ လမ်းတွင် ပန်းဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်လှစ်

ရန်ကုန်၊ ဇွန် ၁၇ ။               ။ ရန်ကုန်မြို့တွင် အမှိုက်ကင်းစင်ရေးနှင့် နောက်ဖေးလမ်းကြားများတွင် အမှိုက်မပစ်စေရန်ရည်ရွယ်ပြီး ကျောက်တံတားမြို့နယ် ၃၉ လမ်းတွင် ပန်းဥယျာဉ်နှင့် ကလေးကစားကွင်းကို ယနေ့ ဇွန်လ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။

ကလေးကစားကွင်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ နောက်ဖေးလမ်းကြားဆိုတာ အပန်းဖြေရမယ့်နေရာ အမှိုက်ပစ်ရမယ့်နေရာတွေမဟုတ်ဘူး “ ဟု ပြောဆိုသည်။

သို့သော် မေလပိုင်းက တို့အိမ်အဖွဲ့နဲ့ စည်ပင် ရပ်ကွက်နေပြည်သူတွေပေါင်းပြီး အလှဆင်ခဲ့သော်လည်း ၃၉လမ်း ၂၇ လမ်း နောက်ဖေးလမ်းကြားတွေကို အလှဆင်ခဲ့သော်လည်း အမှိုက်ပြန်လည် စွန့်ပစ်တာတွေရှိနေသေးသည်။

 “ကိုယ်စားလှယ်အဖြစ်နဲ့ တလျှောက်ပေါ့ ။ ကိုယ် ရှိနေလို့ရှိရင် ဒီလမ်းကတော့ အမြဲတမ်း သန့်ရှင်းအောင်တော့ ကြိုးစားမယ်။ မကြာခဏ ဝင်ကြည့်နေမှာပါ။ အနေအထားအရ အမှိုက်တွေ ပစ်ချထားတာတွေ့ရင် စည်ပင်သာယာကိုပြောမယ်။ အန်တီတို့ဘက်ကလည်း ပူးပေါင်းပြီးအမှိုက်ရှင်းဖို့ ကိစ္စလုပ်မယ်။ လောလောဆယ်တော့ စည်ပင်ဥပဒေကလည်းရေးဆွဲနေတယ် မပြီးသေးဘူး။ ဥပဒေထွက်လာရင်တော့ ထိထိရောက်ရောက်အရေး ယူတာဆောင်ရွက်တာတွေလုပ်မှာပါ “ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြလှစံကပြောသည်။

နောက်ဖေးလမ်းကြား အလှဆင်လုပ်ငန်းအတွက် ကုန်ကျစရိတ်ကို ဒို့အိမ်အဖွဲ့က ၈၀ရာခိုင်နူန်းနဲ့ လမ်းနေပြည်သူ၊ ရပ်မိရပ်ဖတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ၂၀ ရာခိုင်နှုန်း စိုက်ထုတ်ထားသည်ဟု သိရသည်။

အလားတူ ပန်းဘဲတန်းမြို့နယ် ၃၂ နောက်ဖေးလမ်းကြားတွင်လည်း ဒို့အိမ်အဖွဲ့မှ ဦးဆောင်ပြီး နောက်ဖေးလမ်းကြား အလှဆင် ပြင်ဆင်နေတာ ၁ လခန့်ရှိနေပြီး ရာသီဥတုအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ဒို့အိမ်အဖွဲ့သည် ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သည့် ပန်းဘဲတန်း၊ လသာနှင့်  ကျောက်တံတားမြို့နယ်များမှ  နောက်ဖေးလမ်းကြားတချို့တွင် ရန်ကုန်မြို့တော် သာယာလှပရေးအတွက် စီမံချက်ရေးဆွဲလုပ်ကိုင်နေသည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly