မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့မှ မိုရာမုန်တိုင်းသင့် ဒေသခံများအတွက် စင်ကာပူကြက်ခြေနီအသင်း ဒေါ်လာတစ်သိန်း ထောက်ပံ့

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့မှ မိုရာမုန်တိုင်းသင့် ဒေသခံများအတွက် စင်ကာပူကြက်ခြေနီအသင်း ဒေါ်လာတစ်သိန်း ထောက်ပံ့

ဇွန် ၁၆ ။         ။    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ မိုရာ ဆိုင်ကလုန်း ဒဏ်ခံ ဒေသခံပြည်သူများအတွက် စင်ကာပူကြက်ခြေနီအသင်း SRC က အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ (စင်ကာပူဒေါ်လာ ၁၃၈,၄၀၇) ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဇွန်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုရာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံများနှင့် စာသင်ကျောင်း ရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့ရသည်။

" SRG အနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ကန်ဒေါ်လာ ငါးသောင်း ထောက်ပံ့ပေးခဲ့ပါတယ်၊ မုန်တိုင်းကြောင့် ထိခိုက်ခဲ့တာကြောင့် လိုအပ်တဲ့ ရေကာရွက်ဖျင်တွေ၊ သွပ်ပြားတွေ၊ ကျောင်းအသုံးအဆောင်ပစ္စည်းတွေ ဝယ်နိုင်အောင်လို့ပါ" ဟု ထုတ်ပြန်ပါရှိသည်။

တစ်ချိန်တည်းတွင်လည်း ဘင်္ဂလားဒေ့ရှ်မှ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်သည့် စားသောက်ကုန်၊ အမိုးအကာ စသည်တို့ ကူညီထောက်ပံ့နိုင်ရန်အလို့ငှာ ဘင်္ဂလားဒေ့ရှ် ကြက်ခြေနီအသင်းထံသို့လည်း အကူအညီ ဒေါ်လာ ငါးသောင်း ထောက်ပံ့ပေးခဲ့ကြောင်း SRC က ထုတ်ပြန်ပြောကြားထားသည်။

မိုရာ ဆိုင်ကလုန်း မုန်တိုင်းသည် မေလ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့ပြီး လူပေါင်း ၃ ဒသမ ၃ သန်း ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly