ဆောမြို့ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်

ဆောမြို့ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်

ဆော ဇွန် ၁၅ ။           ။ အသက်(၉၀)နှင့်အထက် သက်ကြီးဘိုးဘွားများအား၂၀၁၇-ခုနှစ် ဧပြီ ၊ မေ နှင့် ဇွန်လများအတွက် လူမှုရေးပင်စင်အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်ခဲ့သည်။

အဆိုပါ လူမှုရေး ပင်စင်ပေးအပ်ခြင်းကို ဇွန်လ(၁၅)ရက်နေ့က ယောမင်းကြီးဦးဘိုးလှိုင်ခန်းမတွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူ းများ ထံသို့ ပေးအပ်ခဲ့သည်။

ဆောမြို့ပေါ်ရှိ ရပ်ကွက်(၂)ရပ်ကွက်တွင် လူမှု ရေးပင်စင်ရှိသည့် သက်ကြီးဘိုးဘွား(၁၂)ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူ းဦးညီညီညွှန့် အမက-၂ ကျေ ာင်းအုပ်ဆရာမဒေါ်ညိုညိုအေးနှင့် ရပ်ကျေးစာရေးတို့မှ ဇွန် ၁၅ ရက်၊  နေ့လည်(၂)နာရီအချိန်တွင် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။

“ယခုလိုရရှိသည့်အတွက် အလွန်ပင်ဝမ်းသာမိကြောင်း အဘိုးအနေနှင့် ငွေထက်နိုင်ငံတော်က အဘိုးတို့လို သက်ကြီးရွယ်အိုတွေကို အသိအမှတ်ပြုတဲ့အတွက် ကျေနပ်မိကြောင်း၊ အဘိုးတို့ အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဒီထက် ဖွံ့ဖြိုးတိုးတက်ပါစေ” ဟု အသက်(၉၂)နှစ်ရှိ ဦးလှဖေက ပြောသည်။

ဆောမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေ းရွာ(၃၆)အုပ်စုမှ သက်ကြီးဘိုးဘွား(၇၄)ဦးတို့အား လူမှု ရေးပင်စင်ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly