သေဆုံးသူ ၁၇ ဦးအထိ ရှိလာသည့် လန်ဒန်တာဝါမီးလောင်မှုအား စုံစစ်ဆေးရန် ဗြိတိန် ဝန်ကြီးချုပ် အမိန့်ပေး

သေဆုံးသူ ၁၇ ဦးအထိ ရှိလာသည့် လန်ဒန်တာဝါမီးလောင်မှုအား စုံစစ်ဆေးရန် ဗြိတိန် ဝန်ကြီးချုပ် အမိန့်ပေး

လန်ဒန်၊ ဇွန် ၁၅ ။            ။ သေဆုံးသူ ၁၇ ဦးအထိ ရှိလာသည့် လန်ဒန်တာဝါမီးလောင်မှုကို တင်းပြည့်ကြပ်ပြည့် ပြည်သူ့စုံစမ်းရေး လုပ်ဆောင်သွားရန် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဇွန် ၁၅ ရက်တွင် အမိန့်ထုတ်လိုက်သည်။

ဝမ်းနည်းစိတ်မကောင်းဖွယ်ရာ တာဝါမီးလောင်မှုကို အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁၄ ရက် လန်ဒန်မြို့က ၂၇ ထပ်မြင့် Greenfall Tower  မီးလောင်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ပို့ထားသူ ၃၇ ဦးတွင် ၁၇ ဦး၏ အခြေအနေက စိုးရိမ်ရကြောင်း လန်ဒန်ရဲတပ်ဖွဲ့ ရဲမှူး ကန်ဒီက ပြောသည်။

"ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ကတော့ မည်သူတွေ ပျောက်ဆုံးနေပြီး သူတို့ကို ပြန်လည်ရှာတွေ့ရေးပဲဖြစ်ပါတယ်။"ဟု ၎င်းက ဆိုသည်။

လူပေါင်း ၆၀၀ နှင့် ၈၀၀ ကြားနေထိုင်သည့် ယင်းတာဝါမီးလောင်မှုသည် မီးကြိုတင်ကာကွယ်ရေးစနစ် အားနည်းခြင်းကြောင့် ဖြစ်ကြောင်း အသက်ရှင်လွတ်မြောက်လာသူများက စိတ်ဆိုးဒေါသဖြင့် ဆိုသည်။

“စိတ်မကောင်းဝမ်းနည်းစရာပါပဲ သေဆုံးသူဦးရေ ထပ်တိုးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။”ဟု ရဲမှူး ကန်ဒီက ပြောပြီး မီးသတ်သမားများက အပျက်အစီးများကြား ရှင်ကျန်ရစ်သူများကို ရှာတွေ့လိမ့်မည် မျှော်လင့်ထားကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly