ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေး မုံရွာတွင် ဆန္ဒပြမည်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေး မုံရွာတွင် ဆန္ဒပြမည်

မုံရွာ၊ ဇွန် ၁၄။               ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ ပြင်ဆင်ရေး အတွက် မုံရွာမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ပူးပေါင်းလှုပ်ရှားမှုအဖွဲ့(မုံရွာ)မှ သိရသည်။

ဇွန်လ ၁၈ ရက်နံနက် ၉ နာရီတွင် မုံရွာမြို့၊ ပြည်သု့အားကစားကွင်းတွင် စုရပ်လုပ်ကာ မြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးချက်ခိင်းဆောင်ရွက်ပေး၊  ပြည်သူကိုဖိနှိပ်နေတဲ့ဥပဒေ အလိုမရှိ၊ ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး ချက်ချင်းဆောင်ရွက်ပေး၊  လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ရရှိရေး၊  မီဒီယာဖိနှိပ်မှု အလိုမရှိ ၊စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်သည်။

မုံရွာမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြစ်သော Chindwin Institute၊ တောင်သူလယ်သမားသမဂ္ဂ၊ ၈၈(ပွင့်/လင်း)၊ ကျောင်းသားသမဂ္ဂများ၊ ဒေသခံပြည်သူများ ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း အင်အား ၁၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ပူးပေါင်းလှုပ်ရှားမှုအဖွဲ့(မုံရွာ)မှ အဖွဲ့ဝင် ကိုစိုးဝင်းဆွေက မဇ္ဈိမသို့ ပြောသည်။

"နိုင်ငံသားအခွင့်အရေးမှာပါတဲ့ လွန်လပ်စွာပြောဆိုခွင့်၊ ရေးသားထုတ်ဝေခွင့် ဆိုတဲ့အချက်တွေကို ခြိမ်းခြောက်နေပါတယ်။ ပြင်ဆင်ဖို့အတွက်မဖြစ်အနေလိုအပ်နေပါတယ်" ဟု က်ုစိုးဝင်းဆွေက မှတ်ချက်ပြုသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) သည် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ဟန့်တားနှောင့်ယှက်သည့်ပုဒ်မတစ်ခုဖြစ်ပြီး ကျူးလွန်သူ ဟုတ်၊ မဟုတ်အား ဆန်းစစ်နိုင်ခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်နေခြင်းသည် လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကို ခြိမ်းခြောက်နေသည်ဟု ယူဆကြောင်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး ပူးပေါင်းလှုပ်ရှားမှု အဖွဲ့(မုံရွာ)မှ သဘောထားကြေညာချက် ထုတ်ပြန်ထားသည်။

ထို့ပြင် ၆၆(ဃ) သည် သတင်းမီဒီယာ သမားများကိုလည်း နှိပ်ကွပ်သည့် လက်နက်သဖွယ် အသုံးပြုနေပြီး လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာကို အလေးထားကာ တရားစွဲဆိုခံထားရသူ မည်သူမဆို အာမခံရရှိသင့်သည်ဟု ထင်မြင်ယူဆကြောင်း၊ တရားစွဲဆိုခံထားရသူ မည်သူမဆို အာမခံရရှိသင့်သည်ဟု ထင်မြင်ယူဆကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags