၆လအတွင်း တောဆင်ရိုင်း ရ ကောင် ပုသိမ်ခရိုင်တွင် သတ်ဖြတ်ခံရ

၆လအတွင်း တောဆင်ရိုင်း ရ ကောင် ပုသိမ်ခရိုင်တွင် သတ်ဖြတ်ခံရ

ပုသိမ်၊ ဇွန် ၁၅ ။                 ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ၂၀၁၇ခုနှစ်အတွင်း တောဆင်ရိုင်း ၇ကောင် သတ်ဖြတ်ခံရကြောင်းကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

"တောဆင်ရိုင်းခုနှစ်ကောင်ပေါ့ သတ်ခံရပါတယ် ။ နှစ်မှုကတော့ပေါ်တာပေါ့ ကျန်တာကို ဆက်စပ်ဖော်ထုတ်နေတယ်။ တစ်မှုကတော့ စွဲပြီးသွားပြီ။ တစ်မှုက ဥပဒေအကြံပြုချက်ရတာနဲ့ တရားဆက်စွဲမှာပါ ။ ကျန်တဲ့ အမှုတွေက စုံစမ်းဆဲဖြစ်ပါတယ်။ တောဆင်ရိုင်းတွေ သတ်ခံရတယ်အမှုတွေက တောထဲမှာ မျက်မြင်သက်သေတို့ တခြားသက်သေအထောက်အထားတွေ ကြိုးစားဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တောဆင်ရိုင်းသတ်မှုဖော်ထုတ်တာမှာ အခက်အခဲတော့ ရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ပြောသည်။

တောထဲမှာဆိုတော့ မျက်မြင်သက်သေတို့ တခြားသဲလွန်စ အထောက်အထားတွေ ရနိုင်ဖို့ခက်တယ် အခုရာသီမှာ မိုးတွေရွာတော့ သဲလွန်စတွေ ပျောက်ပျက်သွားတယ် ဒုရဲမှူးကြီးက ပြောသည်။

ပုသိမ်မြို့နယ်၊ သလပ်ခွာသစ်တောဘိနယ် အကွက်အမှတ်(၂၇)တွင် တောဆင်ရိုင်း(၁)ကောင် အဆိပ်မြှားဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း သစ်ထုတ်လုပ်ရေးတာဝန်ရှိသူထံက သိရသည်။

"အခုသေတဲ့ဆင်က ကျွန်တော်တို့စစ်ဆေးချက်အရ အဆိပ်မိထားတဲ့ လက္ခဏာ တွေ့ရှိရတယ်။ အဆိပ်မြှားနဲ့ ပစ်ခတ်ခံရပြီး အဆိပ်သင့်ပြီး အသက်ရှုံးရခြင်း ဖြစ်တယ်”ဟု လက်ထောက်မန်နေဂျာဦးမျိုးအောင်က ပြောသည်။

ဆင်မှာ အလျား(၁၁)ပေ၊ အမြင့် (၆)ပေ၊ လုံးပတ်(၁၄)ပေ၊ နှာမောင်းအရှည် (၅)ပေ၊ အမြှီးအရှည်(၅)ပေ၊ ရှေ့ခွာ(၅)ခု၊ နောက်ခွာ(၄)ခုရှိ အနက်ရောင်ဆင်ထီး(၁)ကောင်ဖြစ်ပြီး၊ဆင် အား သေဆုံးသည့်နေရာတွင် မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

ပုသိမ်မြို့ သလပ်ခွာကျေးရွာတွင် ဆင်ရိုင်းတစ်ကောင် အဆိပ်သင့်ဒဏ်ရာဖြင့် ဇွန်လ ၁၃ ရက်နေ့တွင် သေဆုံးခဲ့ပြီး၊တောဆင်ရိုင်း အသတ်ခံရမှာက ပုသိမ်ခရိုင် က သာပေါင်း၊ငပုတောနှင့်ပုသိမ် တဝိုက်မှာ ဖြစ်တာများတယ် ရခိုင်ရိုးမနှင့် ထိစပ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly