Hospital Ship ဇာတ်လမ်းတွဲတွင် ဟာဂျီဝန်နှင့်အတူ CNBLUE အဖွဲ့မှ ကန်မင်ဟတ်ခ် ပါ၀င်သရုပ်ဆောင်မည်

Hospital Ship ဇာတ်လမ်းတွဲတွင် ဟာဂျီဝန်နှင့်အတူ CNBLUE အဖွဲ့မှ ကန်မင်ဟတ်ခ် ပါ၀င်သရုပ်ဆောင်မည်

တောင်ကိုရီးယားဂီတအဖွဲ့ CNBLUE မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကန်မင်ဟတ်ခ်သည် MBC ရုပ်သံလိုင်းမှ ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့များတွင် ထုတ်လွှင့်ပြသသွားမည့် Hospital Ship ဟု အမည်ပေးထားသော ဇာတ်လမ်းတွဲထဲတွင် ခေါင်းဆောင်မင်းသမီးဖြစ်သူ ဟာဂျီဝန်နှင့်အတူ ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

ကန်မင်ဟတ်ခ်၏ အေဂျင်စီဖြစ်သော FNC Entertainment က “ ကန်မင်ဟတ်ခ်ဟာ အဲ့ဒီ့ဆေးပညာနှင့်ဆိုင်တဲ့ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အသေးစိတ် အချက်အလက်တွေကို ဆက်လက်ပြီး ပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု ကြေညာခဲ့သည်။

“Hospital Ship” သည် ဆေးပညာနှင့်ဆိုင်သော ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ ကျွန်းများပေါ်ရှိ ရွာလေးများသို့ သွားရောက်ပြီး ဆေးကုသပေးသည့် သဘောၤတစ်စီးအကြောင်းကို ပုံဖော် ရိုက်ကူးမည်ဖြစ်သည်။ ထိုဇာတ်လမ်း လေးသည် စိတ်ထိခိုက်စရာကောင်းပြီး ဆရာဝန်ငယ်လေးများ အရွယ်ရောက် ရင့်ကျက်လာပုံကိုလည်း မြင်တွေ့ ရမည်ဟု သိရသည်။

“Hospital Ship” ကို “Start Again” ဇာတ်လမ်းတွဲ၏ ဒါရိုက်တာဖြစ်သူ ပါ့ခ်ဂျေးဘမ်က ရိုက်ကူးမည်ဖြစ်ပြီး ယွန်းဆန်းဂျူးက ဇာတ်ညွှန်းရေးသားမည်ဖြစ်သည်။

ကန်မင်ဟတ်ခ်သည် စိတ်ကောင်းနှလုံးသားရှိသည့် ဆရာဝန်လေး ကွက်ခ်ဟွမ်း၏ နေရာမှပါဝင်သရုပ်ဆောင် မည်ဟု သိရသည်။

ထိုဇာတ်လမ်းတွဲကို လာမည့် ဇူလိုင်လတွင် ထုတ်လွှင့်မည်ဟု စီစဉ်ထားခဲ့သော်လည်း အခက်အခဲတချို့ကြောင့် သြဂုတ်လသို့ ရွှေ့ဆိုင်းလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly