အက်သလက်တီကိုနှင့်အတူ ၂၀၂၂ အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဂရစ်ဇ်မန်း

အက်သလက်တီကိုနှင့်အတူ ၂၀၂၂ အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဂရစ်ဇ်မန်း
(ဓာတ်ပုံ - အီးပီအေ)

အက်သလီတီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ စပိန်ကလပ်နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ အထိ ရှိနေမယ့် စာချုပ်တစ်ရပ်ကို သက်တမ်းတိုးခဲ့တယ်လို့ ညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်များက ဆိုပါတယ်။

အဆိုပါ စာချုပ်သက်တမ်းတိုးလိုက်ခြင်းက ပြင်သစ်ကစားသမားရဲ့ မန်ယူနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ထင်ကြေးပုံပြင်တွေလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ အပြောင်းအရွှေ့ပိတ်ပင်ဒဏ်ခံခဲ့ပြီးနောက် ဂရစ်ဇ်မန်းနဲ့  အခုလို (၅)နှစ်သက်တမ်းတိုး စာချုပ်ဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုဟာ ပြီးခဲ့တဲ့ ရာသီ လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၃ နေရာချိတ်ခဲ့ပြီး လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags