ဂျော်​နီငပိ နှင်​့ ​တော်​ကီချက်​ကြီး ရုပ်သံဇာတ်လမ်းတွဲ ဇွန်လ ၁၄ရက်တွင် စတင်ပြသမည်

ဂျော်​နီငပိ နှင်​့ ​တော်​ကီချက်​ကြီး ရုပ်သံဇာတ်လမ်းတွဲ ဇွန်လ ၁၄ရက်တွင် စတင်ပြသမည်

ရန်ကုန်၊ ဇွန် ၁၂ ။              ။ အဆိုတော်သားစိုး ၏ "တစ်နှစ်သုံး" မီဒီယာမှ စီစဉ် ရိုက်ကူးပြီး ဒါရိုက်တာ ဘိုသန့် ရိုက်ကူး ထားသည့် "ဂျော်နီငပိ နှင့် တော်ကီချက်ကြီး"ဟု အမည်ပေးထားသည့် ဟာသရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ ၁၄ရက်မှ စတင်ပြသတော့မည် ဖြစ်သည်။

"ဂျော်နီငပိ နှင့် တော်ကီချက်ကြီး"ဟု အမည်ပေးထားသည့် ဟာသရုပ်သံဇာတ်လမ်းတွဲကြီး ပြသမည့်အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဇွန်လ ၁၂ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုရုပ်သံဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ကိုရွှေမိုးသက်၊ ဇာတ်လမ်း သားစိုးဖြစ်ပြီး ဒါရိုက်တာ ဘိုသန့် မှ ရိုက်ကူး ပုံဖော်ထားကာ သရုပ်ဆောင်များ အဖြစ် ညီထွဋ်ခေါင်၊ ကြက်ဖ၊ သားစိုး၊ ဆုမြတ်နိုးဦးတို့ အပြင် ဟာသသရုပ်ဆောင်များ ဖြစ်ကြသည့် ဧရာ၊ ကင်းကောင် ၊ ညောင်ညောင်၊ ကျင်ဝှက်တို့အပြင် တခြားသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင် ထားကြသည်။

"ဂျော်နီငပိ နှင့် တော်ကီချက်ကြီး"ရုပ်သံဇာတ်လမ်းတွဲကို မတ်လ ၁ရက်မှ စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မြန်မာ့ရိုးရာ Super power ဇာတ်ကား ဖြစ်သည့်အပြင် ပရိသတ်ကြိုက်နှစ်သက်မည့် ဟာသရုပ်သံ ဇာတ်လမ်းတွဲကြီး တစ်ခုလည်း ဖြစ်သည်။

ရုပ်သံဇာတ်လမ်းတွဲတွင် ဂျော်နီငပိ အဖြစ် ညီထွဋ်ခေါင် မှ သရုပ်ဆောင်ထားပြီး တော်ကီချက်ကြီး အဖြစ် ကြက်ဖမှ သရုပ်ဆောင်ထားကာ ကြက်ဖ၏ ညီမ စာဥအဖြစ် ဆုမြတ်နိုးဦးမှ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုတော် ဖြူဖြူကျော်သိန်းမှလည်း အထူးဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

"ဂျော်နီငပိ နှင့် တော်ကီချက်ကြီး" ဟာသ ရုပ်သံဇာတ်လမ်းတွဲ ကို ဇွန်လ ၁၄ ရက် မှ စတင်ပြီး ဗုဒ္ဓဟူးနေ့ နှင့် တနင်္ဂနွေနေ့ တို့တွင် Mntv ရုပ်သံလိုင်း ၌ အပတ်စဉ် ထုတ်လွှင့် ပြသမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly