အမ်ဘတ်ပီကို ခေါ်ယူလိုသည့်အသင်းများစာရင်းတွင် လီဗာပူးလ်လည်း ပါ၀င်လာ

အမ်ဘတ်ပီကို ခေါ်ယူလိုသည့်အသင်းများစာရင်းတွင် လီဗာပူးလ်လည်း ပါ၀င်လာ

ဇွန် ၁၂၊ အင်္ဂလန် ။             ။ မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူလိုသည့် အသင်းများစာရင်းတွင် လီဗာပူးလ်အသင်းလည်း ပါဝင်လာပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းအတွက် ခြေစွမ်းပြကစားခဲ့သည့် အမ်ဘတ်ပီကို ရီးယဲလ်အသင်းက စိတ်အဝင်စားဆုံးဖြစ်နေပြီး ပေါင်သန်း ၁၀၀ နှင့်အထက်ပေးရန် အဆင်သင့်ရှိနေသည်။

ရီးယဲလ်ကဲ့သို့ပင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးများဖြစ်သော မန်ယူနှင့်အာဆင်နယ်တို့ကလည်း အမ်ဘတ်ပီကို စိတ်ဝင်စားနေကြသည်။ ထို့ကြောင့် ရီးယဲလ်အသင်းမှာ အာဆင်နယ်နှင့်မန်ယူတို့ကို နောက်ကောက်ချပြီး အမ်ဘတ်ပီကို ခေါ်ယူရန် ကြိုးပမ်းနေသည်။

ထိုအခြေအနေတွင် ချယ်လ်ဆီးကလည်း စိတ်ဝင်စားသည်ဟု လေသံပစ်ထားပြီး ယခုနောက်ဆုံး အမ်ဘတ်ပီပြိုင်ဆိုင်မှုတွင် လီဗာပူးလ်ပါ ပါဝင်လာခြင်းဖြစ်သည်။

လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က အမ်ဘတ်ပီကို စိတ်ဝင်စားကြောင်းနှင့် ကစားသမား၏အေးဂျင့်နှင့် ကနဦးပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

လီဗာပူးလ်အသင်းသည် လာမည့်နှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားသည့်အတွက် ထိပ်တန်းကစားသမားသစ်များ အင်အားဖြည့်ရန် ပြင်ဆင်နေသည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags