03B မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် ရေယာဉ်များ လေဒဏ်၊ လှိုင်းဒဏ် သတိပြုရန်လို

03B မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် ရေယာဉ်များ လေဒဏ်၊ လှိုင်းဒဏ် သတိပြုရန်လို

မုန်တိုင်း 03B ၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းတလျှောက် တစ်နာရီ မိုင်(၃၀-၃၅)မိုင်ခန့် လေပြင်းများတိုက်ခတ်နေသည့်အတွက် ကမ်းရိုးတန်းသွား ရေယာဉ်များ လေဒဏ် နဲ့ လှိုင်းဒဏ်ကို သတိပြုကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

မုန်တိုင်းဗဟိုချက်အနီး လှိုင်းအမြင့် (၁၃-၂၀) ပေခန့်အထိ ရှိလာနိုင်သည်ဟု ဆိုသည်။

မုန်တိုင်းငယ် (03B)၏ အများဆုံးလေတိုက်နှုန်းမှာ 31 knots(36 mph) ထိရှိနေကြောင်း ဇွန် ၁၁ ရက်  နံနက် ၁၀နာရီခန့်က ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

မုန်တိုင်းငယ် (03B) သည် မြောက်ယွန်းယွန်းရပ်ကို ဦးတည်ရွေ့လျှားပြီး ဇွန်လ ၁၂ရက် ညနေပိုင်းတွင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးမှ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ၎င်းက ခန့်မှန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ကမ်းလွန်ဒေသများတွင် မကြာခဏမိုးသက်လေပြင်းများကျရောက်နိုင်ပြီး ခေတ္တခဏမျှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ မိုင်(၄၀)ခန်ကတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် (၅-၈)ပေခန့်ရှိနိုင်သည်ဟု သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း နဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းအနောက်ပိုင်းတို့တွင် နေရာအနှံ့အပြားမိုးရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးနိုင်ပါသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly