အာရှနှင့်သြစတေးလျ- အာရှဒေသဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းဆုပေးပွဲ ကျင်းပ

အာရှနှင့်သြစတေးလျ- အာရှဒေသဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းဆုပေးပွဲ ကျင်းပ

အဲအေးရှားသည် အာရှ၏ရှေ့ဆောင်တန်ဖိုးနည်း လေကြောင်းလိုင်းအဖြစ် ငါးနှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရပြီး Leading Low-Cost Airline Cabin Crew ဆုအား ဒုတိယအကြိမ် ရရှိခဲ့သည်။ အာရှနှင့် သြစတေးလျ-အာရှဒေသဆိုင်ရာ 2017 ခုနှစ်အတွက်ကမ္ဘာ့ခရီးသွားလုပ်ငန်း ဆုပေးပွဲအခမ်းအနား (WORLD TRAVEL AWARDS ASIA AND AUSTRALASIA  )တွင် အဲအေးရှားသည် အာရှ၏ရှေ့ဆောင် တန်ဖိုးနည်း လေကြောင်းလိုင်းအဖြစ် ငါးနှစ်မြောက် မဲပေးသတ်မှတ်ခြင်းခံခဲ့ရသည်။

ဤချီးကျူးထောမနာပြုမှုကို ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားလာရေး ကျွမ်းကျင်သူများ၏ မဲပေးခြင်းမှတစ်ဆင့် ရွေးချယ် သတ်မှတ်ခြင်းဖြစ်ကာ Air India Express, Firefly, GoAir, JetKonnect, JetStar Airways, Lucky Air, Nok Air, Scoot, SpiceJet နှင့် West Air တို့ထက် ပိုမိုသာလွန်စေခဲ့သည့် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်စေရန် စိတ်ရောကိုယ်ပါ မြပ်နှံထားခဲ့သည့် အဲအေးရှား၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးခဲ့ကြသည်။

အာရှရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော အဲအေးရှားသည် အခြားပြိုင်ဖက် လေကြောင်းလိုင်း ၉ ခုဖြစ်သော Air India Express, Firefly, GoAir, JetKonnect, Jetstar Airways, Lucky Air, Nok Air, SpiceJetနှင့် West Air တို့အား ကျော်ဖြတ်ပြီးAsia's Leading Low-Cost Airline Cabin Crew ဆုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ထိုဆုများကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ Grand Kempinski ပေးအပ်ခဲ့ခြင်းဖြစ်သည်။

AirAsiaလုပ်ငန်းစု၏ ပူးပေါင်းတည်ထောင်သူနှင့် Group CEO ဖြစ်သူ တိုနီဖာနန်ဒက်က “ဒီဆုဟာ အမြဲတမ်း ပိုမိုကောင်းမွန်အောင် ကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုခြင်း ဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ထူးခြားတဲ့အောင်မြင်မှုပါပဲ။ နောက်ထပ်လည်း ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်အောင် အမြဲကြိုးစားနေမှာပါ။ ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ လေယာဉ်စီးရတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ပိုမိုလွယ်ကူစေဖို့အတွက် Check-In ပြုလုပ်တဲ့စနစ်ကို ပိုမိုတိုးတက်အောင်လုပ်ဖို့ အာရုံစိုက်ထားပါတယ်။ ROKKI ဟာ လေယာဉ်တွင်း အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ ကျွနု်ပ်တို့ရဲ့ Santanလေယာဉ်တွင်း အစားအသောက်ကို တဖြည်းဖြည်းနဲ့ ပိုမိုကောင်းမွန်အောင် လုပ်ပေးမယ့်ကြီးမားတဲ့ တွန်းအားတစ်ရပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ အာဆီယံဒေသထွက်ကုန်တွေကို အာရှရဲ့ကျန်ရှိတဲ့ဒေသတွေနဲ့ ကမ္ဘာတစ်ဝှမ်းကို ယူဆောင်လာဖို့ စိတ်လှုပ်ရှားနေမိပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် တိုနီမှ “အံသြစရာကောင်းလောက်အောင် ထူးချွန်တဲ့ ကျွန်တော့်ရဲ့ လေယာဉ်ဝန်ထမ်းတွေကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုပါတယ်။ နောက်ထပ်လေယာဉ်ဝန်ထမ်းဆု တစ်ဆုကို ထပ်ရတာဟာ တကယ်ကို ထူးခြားသလို ဒါဟာလည်း သူတို့ကြောင့် ရတာပဲဖြစ်ပါတယ်။ သူတို့ဟာ ထူးခြား၊နွေးထွေးပြီး စစ်မှန်တဲ့ အကောင်းဆုံး လေယာဉ်ဝန်ထမ်းတွေပါပဲ” ဟုဆက်လက် ပြောကြားခဲ့သည်။
အဲအေးရှားမှ North Asia ၏ဥက္ကဌအဖြစ် ခန့်အပ်ထားသော ကတ်သလင်းတန်က “ဒီလိုချီး ကျူးဂုဏ်ပြုဆုနှစ်ဆုကို နောက်တစ်ကြိမ် ထပ်မံရရှိတာကြောင့် တကယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်မတို့ဟာ ခရီးသည်တွေဆီက တုံ့ပြန်သံတွေကို နားစွင့်နေခဲ့ပြီး အဖိုးသက်သာစွာ ခရီးသွားနိုင်ရေးဆိုတဲ့ ကျွနု်ပ်တို့ရဲ့ ရည်မှန်းချက်ကို ကောင်းမွန်အောင် ၁၆နှစ်လုံးလုံး မွမ်းမံပြင်ဆင်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အာဆီယံရဲ့ ဧည့်ဝတ်ကျေပြွန်မှုကို စံနမူနာပြသတဲ့ ဝန်ဆောင်မှုတွေကိုသာ ပေးစွမ်းနေသေးကြောင်း ထပ်ပြီးသေချာစေခဲ့ပါပြီ။ ကျွနု်ပ်တို့ကိုအာရှရဲ့ နံပါတ်တစ် လေကြောင်းလိုင်းအဖြစ် ငါးနှစ်ဆက်တိုက် အသိအမှတ်ပြု ခံရအောင်မဲပေးခဲ့သူတွေနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး လေယာဉ်ဝန်ထမ်းဆု ပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွနု်ပ်တို့ခရီးသည်တွေဆီက ထူးခြားတဲ့ ပံ့ပိုးမှုမပါပဲ ဒီလိုအနေအထားတွေ ဖြစ်လာမှာမဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းဆုပေးပွဲ (The World Travel Awards ) သည် ကမ္ဘာတစ်ဝှမ်းနှင့် ခရီးသွားလာရေး ကဏ္ဍမှာ ဂုဏ်သတင်းအကြီးဆုံး၊ ကဏ္ဍစုံ အပါဝင်ဆုံးဖြစ်ကာ လူအများနှစ်သက်ကြသော ဆုပေး အစီအစဉ်တစ်ခုလည်း ဖြစ်သည်။ ခရီးသွားလာခြင်းနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၏ အဓိကကဏ္ဍများတွင် အထူးချွန်ဆုံး အဖွဲ့အစည်းများအား အသိအမှတ်ပြုရန်၊ ဆုချီးမြှင့်ရန်နှင့် ချီးကျူးဂုဏ်ပြုနိုင်ရန် ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ခရီးသွား လုပ်ငန်းဆုပေးပွဲသည် လုပ်ငန်းကျွမ်းကျင်မှုအား အာမခံသည့် အမြင့်ဆုံး ဝိသေသလက္ခဏာအဖြစ် ကမ္ဘာတစ်ဝှမ်းကအ သိအမှတ်ပြုကြသည်။

အဲအေးရှားအကြောင်း

 

အဲအေးရှားသည် ခရီးသည်များအတွက် အကောင်းဆုံး ဝန်ဆောင်မှုနှင့် ကမ္ဘာတဝန်းရှိ မြို့ပေါင်း ၁၂၀ ကျော်သို့ ပြေးဆွဲနေသော အာရှ၏ အကြီးဆုံး တန်ဖိုးနည်း လေကြောင်းလိုင်းလည်း ဖြစ်သည်။ အဲအေးရှားသည် ၂၀၀၁ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ချိန်မှစ၍ ခရီးသည်ပေါင်း သန်း၃၃၀ ကျော်ကို သယ်ဆောင် ပျံသန်းပေးခဲ့ပြီး လေယာဉ်စီးရေပေါင်း ၂၀၀ ကျော်ရှိလာသည်အထိ ဖွံ့ဖြိုးကြီးထွား လာခဲ့ပြီဖြစ်သည်။ အဲအေးရှားသည် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများတွင် နိုင်ငံများတွင် အခြေစိုက်လျက်ရှိပြီး ဆက်လက်၍ အာရှတခွင်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ ကွန်ယက် ဖြန့်ကျက်လျက် ရှိသော အာဆီယံလေကြောင်းလိုင်း တစ်လိုင်းအနေဖြင့် လွန်စွာဂုဏ်ယူမိပါသည်။ အဲအေးရှားသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော Skytrax World Airline Awards တွင်လည်း ကမ္ဘာ့ အကောင်းဆုံး တန်ဖိုးနည်း လေကြာင်းလိုင်း အနေဖြင့်   Skytrax World Airline Awards  ကို ၂၀၀၉ မှ ၂၀၁၆ ခုနှစ်အထိ ၈ ကြိမ်ဆက်တိုက်ရရှိခဲ့သည်။ အဲအေးရှားသည် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ရှေ့ဆောင် တန်ဖိုးနည်းလေကြောင်းလိုင်း အနေဖြင့်လည်း World's Leading Low-Cost Airline ဆုကို ၄ ကြိမ်မြောက်ရရှိခဲ့ပြီး တခြားသော Full-Service လေကြောင်းလိုင်းများကို ကျော်ဖြတ်၍ ကမ္ဘာ့ရှေ့ဆောင် လေယာဉ်ဝန်ဆောင်မှု အကောင်းဆုံးဆု (World's Leading Inflight Service) ကိုရရှိခဲ့သော ပထမဆုံး တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags