ခရီးသည်​တစ်​ဦး ​အောင်​မ​င်္ဂလာအ​ဝေး​ပြေးကားဝင်​းရောက်ရှိချိန် ကား​ပေါ်၌​ သေဆုံး​နေ

ခရီးသည်​တစ်​ဦး ​အောင်​မ​င်္ဂလာအ​ဝေး​ပြေးကားဝင်​းရောက်ရှိချိန် ကား​ပေါ်၌​ သေဆုံး​နေ
ဓာတ်ပုံ-ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

ရန်ကုန်၊ဇွန်၉ ။           ။ တောင်ကြီးမြို့မှ ရန်ကုန်သို့ လိုက်ပါလာသော အမျိုးသားခရီးသည်တစ်ဦးသည် အောင်မင်္ဂလာအဝေးပြေးကားဝင်းရောက်ရှိချိန် ကားပေါ်၌ သေဆုံးနေကြောင်း တွေ့ရှိရသည်။

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းသို့ ရောက်ရှိ၍ အဝေးပြေးကားပေါ်မှ ခရီးသည်များဆင်းချိန်တွင် တစ်ဦးတည်း ကားပေါ်၌ ကျန်ရှိနေသည်ကို စစ်ဆေးရာမှ  သေဆုံးနေသည်ကို   တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အသက် ၄၅ နှစ် ဝန်းကျင်ရှိ အဆိုပါ အမျိုးသားသည် ယနေ့ ဇွန်၉ရက် မနက် ၆နာရီ ၅၀မိနစ် အချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူအမျိုးသားမှာ တောင်ကြီး-ရန်ကုန်ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် တောင်ကြီးမြို့မှ လိုက်ပါလာသူဖြစ်ပြီး ဦးစိန်ထွန်း၊ အသက်၄၅နှစ်(ဘ)ဦးမောင်ဘစိန် ၁၁/ပတန(နိုင်) ၀၁၀၉၆၃ အဝကံ၊ ပေါက်တောမြို့နယ်၊ ရခိုင်ပြည်နယ် ဟူသော မှတ်ပုံတင်ကိုင်ဆောင်ထားသူ ဖြစ်သည်။

"ခရီးသည်က တောင်ကြီးရန်ကုန် ရွှေစင်စြင်္ကာအဝေးပြေးယာဉ်နဲ့ ပါလာတယ် ။ အောင်မင်္ဂလာမှာ ဂိတ်ဆုံးတော့ လူတွေဆင်းတဲ့အချိန်မှာ အဲ့လူက မဆင်း ၊ မဆင်းတော့ လူတွေ တက်နှိုးတယ်။   နှိုးလို့မရတော့ သေဆုံးတယ်လို့ ယူဆပြီး အောင်မင်္ဂလာရဲတပ်ဖွဲ့ကို အကြောင်းကြားတယ်။ ရဲတပ်ဖွဲ့က ထပ်စစ်တဲ့အချိန်မှာ သေဆုံးနေတဲ့အနေအထားတွေ့ရတယ် ခင်ဗျ"ဟု ပုလဲမြို့သစ်၊ အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က ပြောသည်။

သေဆုံးသူကို စစ်ဆေးရာတွင် ပြင်ပဒါဏ်ရာမတွေ့ရှိရသလို လက်ရှိအချိန်တွင် မေဓာဝီဆေးရုံ၏ ရေခဲတိုက်ကို ပို့ဆောင်ထားသည်ဟု ဦးထင်လင်းအောင်က ဆက်ပြောသည်။

သေဆုံးသူ၏ ပိုင်ရှင်မပေါ်သေးသဖြင့် သိရှိပါက ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ (၀၉ ၄၃၁ ၈၀၂၀၀) နှင့် မင်္ဂလာဒုံမြို့မရဲစခန်း (၀၁၆၃၅၀၇၄) တို့ကို ဆပ်သွယ်အကြောင်းကြားရန် မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly