ပန်းချီဆရာ အောင်နိုင်မောင်နှင့်တွေ ့ဆုံခြင်း (အပိုင်း ၁)

ပန်းချီဆရာ အောင်နိုင်မောင်နှင့်တွေ ့ဆုံခြင်း (အပိုင်း ၁)

မဇ္ဈိမတီဗီကို ကြည့်ရှုနေကြတဲ့ ပရိသတ်များ မင်္ဂလာပါခင်ဗျာ။ အခုဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ အနုပညာရှင်နဲ့စကားဝိုင်းအစီစဉ်ကို စတင်တော့မှာဖြစ်ပါတယ်။ ဒီတပတ်ရဲ့ ဖိတ်ကြားထားတဲ့ အနုပညာရှင်ကတော့ ကိုငှက်ကြီး (ထူးအိမ်သင်)ရဲ့ ပန်းချီကားတွေနဲ့ လူသိများတဲ့ ပန်းချီဆရာအောင်နိုင်မောင်နဲ့တွေ့ဆုံခန်းလေးပဲ ဖြစ်ပါတယ်။ ဆရာအောင်နိုင်မောင်ရဲ့ အတွေ့အကြုံတွေ ပန်ချီလောကမှာ ရှိသင့်ရှိထိုက်တဲ့အရာတွေကို တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်..။

မေး ... ..ဆရာမင်္ဂလာပါခင်ဗျာ

ဖြေ.. ဟုတ် မင်္ဂလာပါ

မေး .. .. ပထမဦးဆုံးမေးချင်တာလေးကတော့ ဆရာ့အနေနဲ့ ပန်းချီလောကထဲကို ဘယ်အချိန်လောက်မှာ စတင်ဝင်ရောက်ဖြစ်ခဲ့တယ် ဘယ်လိုပုံစံမျိုးနဲ့ စတင်ဝင်ရောက်ဖြစ်ခဲ့တယ်ဆိုတာလေးသိပါရစေ။

ဖြေ.. ကျွန်တော် ပန်းချီလောကထဲရောက်တာကတော့ ၁၉၈၈ အရေးအခင်းပြီးချိန်လောက်ပေါ့။ ပန်းချီကျောင်းဆင်းတာကတော့ ၁၉၈၆မှာပြီးတာပါ မန္တလေးကျောင်းကနေဆင်းတာ   ကျောင်းသားဘဝတည်းက  စိတ်ဝင်စားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ တက်လိုက်တယ်။ ကျောင်းဆင်းပြီးလည်း ပန်ချီပဲ ဆွဲဖြစ်တော့တာ တသက်လုံး အဲဒီလိုပဲဖြစ်သွားတာ တခြားအလုပ်လည်း မလုပ်ဘူး။

မေး ... ..ဆရာ့အနေနဲ့ ပန်ချီပညာထဲမှာ အမျိုးအစားများစွာရှိတဲ့အထဲက ဘယ်လိုအမျိုးအစားတွေ ဆွဲဖြစ်ပါသလဲ ခင်ဗျာ။

ဖြေ... ... ကျွန်တော်က အသက်မွေးဝမ်းကြောင်းအနေနဲ့ကတော့ အရင်က စာနယ်ဇင်း သရုပ်ဖော် ပန်ချီပုံပေါ့။ ၁၅နှစ်လောက်ရေးခဲ့တယ်။ ရေးရင်းနဲ့ ပန်ချီကားလည်းဆွဲ၊ ပြပွဲတွေလည်းလုပ်။ အစကတော့ သူများကြိုက်တာတွေ ရေးတာပေါ့။ နောက်ပိုင်းတော့ ကိုယ်ကြိုက်တာလေးတွေပြောင်းရေးရမှန်း သိလာတယ်။ အဲဒီလိုနဲ့ ကိုငှက်လို ကားတွေရေးဖြစ်လာတာပေါ့နော်။

မေး... လူတွေက ဆရာ့ကို ကိုငှက်ကြီးရဲ့ ပန်ချီကားတွေနဲ့ တွဲပြီးသိကြတယ်ပေါ့နော်။ ဆရာ့အနေနဲ့ ကိုငှက်ကြီးရဲ့ ပန်ချီကားတွေကို ဘယ်အချိန်လောက်ကစဆွဲဖြစ်တာပါလဲ။ ဒီလိုဆွဲဖြစ်ဖို့ ဘယ်အရာကများ တွန်းအားတွေဖြစ်စေခဲ့ပါသလဲ။

ဖြေ... ကိုငှက်ကတော့  ပြန်မှတ်ဖို့တောင်မလွယ်ဘူး သူ့''နာရီပေါ်မှ မျက်ရည်စက်များ'' စီးရီးကို အကြိုက်ဆုံးပဲ ပန်းချီကိုဝါသနာအရရေးတဲ့ အရွယ်ကတည်းက ကြိုက်ခဲ့တာ။ နောက်ရန်ကုန်မှာသူနဲ့လည်းခင်သွားတော့ ပိုကြိုက်လာတယ်။

မေး... ဟုတ်ကဲ့ပါ။ နောက်ထပ် ကိုငှက်ကြီးရဲ့ပုံတွေဆွဲရင်း တွေ့ကြုံရတဲ့အဖြစ်အပျက်လေးတွေ ရှိရင်လည်းပြောပြပေးပါဦး။

ဖြေ... ... အဲဒါကတော့ အများကြီးပဲဗျ အမှန်က ကိုယ်ကြိုက်လို့ရေးလိုက်တာ သူများက ပိုကြိုက်သွားတာတွေလည်းရှိတယ် ကိုရေးတာက သူ့ကိုဓါတ်ပုံလိုမရေးဘူး။ အဓိက လွမ်းအောင်ပဲရေးတယ်။ သူ့ကိုသတိရတဲ့စိတ်နဲ့ရေးတယ်။ သူ့အထဲကစိတ်တွေကို လွှမ်းပြီးတော့ရေးတယ်။ သူ့သီချင်းလေးတွေဖွင့်ပြီးတော့ရေးတယ်။ သူ့ရဲ့ မျက်နှာတွေ ခန္ဓာကိုယ်တွေက အဓိကမကျဘူး ..။

မေး ... ကို ငှက်ကြီးဟာ အရမ်းကိုအောင်မြင်တဲ့ ပညာရှင်တယောက် ဆိုတော့ကာ ခုချိန်မှာ သူသာ သက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုများ ခံစားရမလဲ။

ဖြေ... ...အဲ့ဒါကျတော့ ခုရှိနေသေးရင် ဒီလောက်ကြိုက်ချင်မှ ကြိုက်လိမ့်မယ် အဲဒီလိုမျိုးကလည်း ရှိသေးတယ်သိလား။ မပြောတတ်ဘူး ပိုကြိုက်ချင်လည်း ကြိုက်လိမ့်မယ် ခုဟာကတော့ သူ့ကို မက်မောနေတာ သူက ရိုးရိုးသားသားနဲ့ လုပ်ခဲ့တဲ့သူဆိုတော့ ...

မေး... ဟုတ်ကဲ့ ဆရာနဲ့ကိုငှက်က အရမ်းခင်မင်ခဲ့တယ်ဆိုတော့ အဲ့ချိန်က အမှတ်တရလေးတွေရှိရင်လဲပြောပြပေးပါဦး။

ဖြေ... .... သူက သီချင်းတွေဖန်တီးမှုအား အရမ်းကောင်းတယ်။ ဘယ်သူ့မှ သူမယုံဘူး သူများသီချင်းတွေဆိုလဲ ပိုကောင်းအောင် ဆိုနိုင်ခဲ့တယ် .. သူပြောဖူးတယ် သူ နည်းနည်းကြောက်တာ တယောက်ပဲရှိတယ်။ ကိုစိုးလွင်လွင်ပေါ့နော်။ သူ့သူငယ်ချင်းပါပဲ။ သူအမြဲပြောတာ..'' ဖိုးကျားကြီးတဲ့ သူ့Mode ကြီးကိုတော့ကြောက်တယ်တဲ့''...  အဲ့ဒီလိုမျိုးပြောဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်လေ။ ကိုငှက်အနေနဲ့ .. ကျွန်တော်တို့ကတော့ သူ့လောက်မကြိုက်ဘူး။ ဒါပေမယ့် သူကလေးစားတယ် .. ။ ကဗျာ ဆရာတွေဆိုလဲ သူအမြဲကူညီတယ် .. စတိတ်ရှိုးတိုင်းလည်း သူမဆိုဘူး ..။ သူလိုက်ချင်ရင် ပိုက်ဆံမရလည်း လိုက်ဆိုတယ်။

မေး... ဟုတ်ကဲ့။ နောက်ထပ် ဒီကိုငှက်ကြီးပုံတွေအပြင် ဘယ်လို ပန်းချီမျိုးတွေကော ဆွဲဖြစ်ပါသလဲ။

ဖြေ.. ...ဘယ်လိုဟာတွေဆွဲဖြစ်လဲဆိုတော့ စာရေးဆရာတွေ များသောအားဖြင့်ကတော့ အဆိုတော်တွေ ကိုဇော်မျိုးထွဋ်၊ သူဆုံးတော့ ရေးဖြစ်တယ်။ နောက်ကိုခင်မောင်တိုးဆုံးတော့ ရေးပေးပြီး သူ့မိသားစုကို လှူလိုက်တယ်၊ ကိုယ်ကြိုက်တဲ့သူတွေပေါ့နော်။ တချို့ ကျွန်တော်မကြိုက်တဲ့သူတွေဆို လာအပ်တောင် တချို့ကျရေးလက်စ၊ တချို့ကျလုံးဝကို မရေးဖြစ်၊ မဆွဲဖြစ်ဘူး။ တကယ့်ဂရိတ်တွေ သက်ရှိထင်ရှားတွေကို မကြိုက်တော့ ရေးလို့မရဘူး။ အဲ့လိုရှိတယ်သိလား။

မေး .. ဟုတ်ကဲ့။ နောက်ဆရာ့အနေနဲ့ ကိုငှက်ပုံတွေဆွဲရတဲ့ အချိန်မှာဖြစ်ပေါ်တဲ့ ခံစားချက်နဲ့ တခြားပုံတွေဆွဲတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ခံစားချက် ဘာလိုများကွဲပြားခြားနားတယ်ဆိုတာ သိပါရစေ။

ဖြေ... ... သူ့ကျတော့ သီချင်းလေးတွေဖွင့်ပြီး လွမ်းပြီးရေးတာပဲပြီးတော့ ဘယ်သူ့အတွက်မှ မဟုတ်ဘဲ ကိုယ်ကြိုက်လို့ကိုရေးတာ။ မြန်လည်းမြန်တယ်။ ကိုယ့်ဖာသာကို အပန်းဖြေသလိုလည်းဖြစ်တယ်။ တခြားကားတွေက တခါတလေကျပြသနာရှိတယ်။ တလမှာ တကားကိုတောင် မနည်းစိတ်ထည့်ရေးရတယ်။ သူ့ကျအပြင်သွားနေရင်းတောင် ရေးချင်ရင် ကောက်ရေးချလိုက်တာ   တွေ့တဲ့ဟာနဲ့ကို ကောက်ရေးချလိုက်တာ ..စိတ်ခံစားချက်က မတူဘူးလို့ ပြောလို့ရတယ်။

မေး.. ဆရာ့ အနေနဲ့ဆွဲချင်လို့ ဆွဲတဲ့ပန်ချီကားနဲ့ လာအပ်လို့ဆွဲရတဲ့ပန်ချီကား ဘာများကွာခြားပါသလဲခင်ဗျာ။

ဖြေ... ...ကွဲတာပေါ့ သူများလာအပ်တာက သူ့မက်ဆေ့နဲ့သူလာတာလေ ကိုက အငှားခံစားပေးရတာ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ဟာ အပ်တာဆိုရင်တော့ ပြဿနာမရှိဘူးလေ နောက်တချို့က ဓါတ်ပုံပေးပြီး ဓါတ်ပုံကြီးအတိုင်း ရေးခိုင်းတာရှိတယ်..။ ဆရာကြိုက်သလို ရေးပါဆိုတာလည်းရှိတယ်။ အဲ့နှစ်ခုမှာတောင် မတူဘူး ခံစားချက်က..  ကိုယ်ကြိုက်တာရေးရတော့ကောင်းတယ်။ သူများအပ်တာကျ နည်းနည်းတော့ခက်တာပေါ့လေ။ တချို့ပုံတွေကျ ကြာသွားတာပေါ့ .. အဲ့ဒါကျ အရေးကြီးတာ အထဲက စိတ်ပိုင်းဆိုင်ရာနဲ့လည်း ဆိုင်တယ်။ ကိုယ်လုပ်ချင်ရာနဲ့မလုပ်ချင်တာ။

ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly