လူ ၁၀၀ဆံံ့ တပ်မတော်လေယာဉ်ပျောက်ဆုံး၊ အရေးပေါ် ရှာဖွေရေးလေယာဉ် ထပ်လွှတ်ထား

လူ ၁၀၀ဆံံ့ တပ်မတော်လေယာဉ်ပျောက်ဆုံး၊ အရေးပေါ် ရှာဖွေရေးလေယာဉ် ထပ်လွှတ်ထား

တနင်္သာရီတိုင်း မြိတ်မြို့လေဆိပ်မှ ရန်ကုန်သို့ ပျံသန်းလာသည့် ခရီးသည် ၁၀၀ခန့်ဆံ့သည့် တပ်မတော်လေယာဉ် Y-8 လေယာသည် လမ်းတွင် ပျောက်ဆုံးလျက်ရှိသည်ဟု ရန်ကုန်လေဆိပ်က အမည်မဖော်လိုသူ အရာရှိက ပြောသည်။

အဆိုပါလေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဇွန်လ ၇ရက် ညနေ ၃နာရီ ၃၃မိနစ်တွင် ဆင်းသက်ရမည်ဖြစ်သော်လည်း ယခု ၄နာရီ ၅၅မိနစ်ထိ ဆင်းသက်လာခြင်းမရှိသေးဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ယင်းလေယာဉ်ကို ရှာဖွေရန် လေယာဉ်နောက်တစ်စင်း စေလွှတ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်

-----------------------------------------------

မြိတ် မှ ရန်ကုန် သို့ ပျံသန်းလာသော တပ်မတော်လေယာဉ် တစ်စီး ဆက်သွယ်မှု ပြတ်တောက် ပျောက်ဆုံး

နေပြည်တော်၊ ဇွန် ၇

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော တပ်မတော်လေယာဉ် တစ်စီးသည် မြိတ်သို့ နေ့လယ် ၁၁ နာရီ ၅၅ မိနစ်တွင်ရောက်ရှိခဲ့ပြီး မြိတ်မှ ရန်ကုန်သို့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးလျက် ရှိပါသည်။ အဆိုပါ ပျောက်ဆုံးလေယာဉ်ကို တပ်မတော်လေယာဉ်/ရေယာဉ်များဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly