ရေလမ်းကြောင်းဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားများအား အသက်ကယ်အကျႌ ပေးအပ်

ရေလမ်းကြောင်းဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားများအား အသက်ကယ်အကျႌ ပေးအပ်

စစ်တွေ၊ဇွန်၇ ။           ။ ရခိုင်ပြည်နယ်အတွင်း ကူးတို့လှေများကိုအသုံးပြုကာ ရေလမ်းကြောင်းဖြင့် ကျောင်းတက်နေကြရသည့် ကျောင်းသားများ ဘေးအန္တရာယ်လုံခြုံရေးအတွက် အသက်ကယ်အင်္ကျီများ ပေးနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းသွားလာရေးခက်ခဲပြီး ကျေးရွာချင်းဆက်လမ်းမရှိသည့် ဒေသများတွင် ရေကြောင်းခရီး တစ်ခုတည်းကိုသာ အသုံးပြုသွားလာနေကြရသည့် ကျောင်းများအား စာရင်းကောက်ယူပြီး ယင်းကျောင်းသားများ အသက်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် ဇွန်လ ပထမအပတ်က စတင်ကာ အသက်ကယ်အင်္ကျီများ ပေးအပ်နေခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကူးတို့လှေတွေနဲ့သွားပြီး ကျောင်းတက်နေကြရတဲ့ ရွာတွေမြို့နယ်တိုင်းလိုလို ရှိပါတယ်။ ဒါကြောင့် အဲဓိကျောင်းသားတွေအတွက် ရေလမ်းခရီးမှာ အန္တရာယ်တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် ကာကွယ်ဖို့အတွက်ပါ။”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးဦးအောင်ကျော်ထွန်းကဆိုသည်။    

လက်ရှိမှာ မြို့နယ်အားလုံမှ ရေလမ်းဖြင့် သွားလာနေကြရသည့် ကျေးရွာများအာ စာရင်းအတိအကျ ကောက်ယူလျက်ရှိပြီး ကူးတို့လှေဖြင့် ကျောင်းတက်နေကြသည့် ရွာများမှာ မြေပုံမြို့နယ်နှင့်   ပေါက်တောမြို့နယ်တို့တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

“အသက်ကယ်အင်္ကျီတွေကို တစ်စီးမှာ ၁၀ ယောက်ဆန့်ရင် ၁၀ လုံး စဖြင့်ပေါ့။ စာရင်းအတိအကျ ကောက်ယူပြီးရင်တော့ အားလုံးကိုပေးအပ်သွားမှာပါ။”ဟုဦးအောင်ကျော်ထွန်းက ပြောသည်။

အယင်းအပြင်၂၀၁၆ ခုနှစ် ဇွန်လ၈ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၌ ပိုးရွှီပြင်ကျေးရွာသို့ ကူးတို့လှေဖြင့် ကျောင်းတက်လာကြသည့် ဂန့်ဂါကျေးရွာမှ ကျောင်းသားကျောင်းသူ ၇ ဦး လှေမှောက်၍ သေးဆုံးမှုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly