ငယ်စဉ်ကရရှိသည့် အမာရွတ်ကို ပြသရဲသည့်သတ္တိအတွက် Little Mix အဖွဲ့ဝင် ပါရီအက်ဝါ့ဒ်ကို ပရိတ်သတ် များ ချီးကျူး

ငယ်စဉ်ကရရှိသည့် အမာရွတ်ကို ပြသရဲသည့်သတ္တိအတွက် Little Mix အဖွဲ့ဝင် ပါရီအက်ဝါ့ဒ်ကို ပရိတ်သတ် များ ချီးကျူး

Little Mix ဂီတအဖွဲ့မှ အဖွဲ့ဝင် ပါရီအက်ဝါ့ဒ်သည် ရေကူးဝတ်စုံဝတ်ဆင်ပြီး ရိုက်ကူးခဲ့သည့် သူမ၏ဓာတ်ပုံထဲ၌ ငယ်စဉ်က ရရှိခဲ့သည့် အမာရွတ်ကို မဖျောက်ပစ်ဘဲ အရှိအတိုင်းပြသရဲသည့် သတ္တိအတွက် သူမအား ပရိသတ် များက ချီးကျူးခဲ့ကြသည်။

ပါရီအက်ဝါ့ဒ်သည် အင်စတာဂရမ်သို့ တင်ခဲ့သော အဆိုပါဓာတ်ပုံထဲ၌ မည်သည့်မှတ်ချက်မှ မရေးသားခဲ့သော် လည်း ထိုအမာရွတ်နှင့် ပက်သက်၍ ယခင်က ပြောကြားခဲ့ဖူးသည်။

သူမသည် Now မဂ္ဂဇင်းအား “ ကျမ ခန္ဓာကိုယ်နဲ့ ပက်သက်လို့ စိတ်ကသိကအောက်ဖြစ်ရတဲ့ အချက်ကတော့ ကျမရဲ့ ဗိုက်ပေါ်မှာရှိတဲ့ အမာရွတ်ပါပဲ” ဟု ပြောခဲ့ဖူးသည်။

“ကျမ ငယ်ငယ်တုန်းက ကျမရဲ့ အစာရေမြိုပြွန်ဟာ အလွန်သေးငယ်ပါတယ်။ ဒါကြောင့် အစာပုံမှန်စားနိုင်ဖို့ အတွက် ခွဲစိတ်ကုသခဲ့ရပါတယ်။ ခွဲစိတ်ကုသမှု အကြိမ်အများကြီး လုပ်ခဲ့ရပါတယ်။ ဒါကြောင့် ကျမ အဲ့ဒီ အမာ ရွတ်ကို မပြချင်ပါဘူး” ဟု သူမက ပြောခဲ့သည်။

ဘာစီလိုနာ၌ ဘီကီနီဝတ်၍ ဓာတ်ပုံရိုက်ကာ အင်စတာဂရမ်သို့ သူမတင်ခဲ့ချိန်တွင် ပါရီ၏ ဝမ်းဗိုက်မှ အမာရွတ် အား ပရိသတ်များက ပထမဦးဆုံးအကြိမ် သတိထားမိခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက်တွင် သူမ၏ ပရိသတ်များသည် သူတို့၏ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များကို ဓာတ်ပုံရိုက်ကာ သူမဓာတ်ပုံနှင့် ယှဉ်တွဲ၍ လူမှုမီဒီယာများ၌ တင်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly