ဆက်သွယ်ရေး အခြေခံအရင်းအမြစ် တီထွင်ဖန်တီးမှုအရှိဆုံးဆုကို အော်ရီဒူးမှ ရရှိ

ဆက်သွယ်ရေး အခြေခံအရင်းအမြစ် တီထွင်ဖန်တီးမှုအရှိဆုံးဆုကို အော်ရီဒူးမှ ရရှိ

မြန်မာနိုင်ငံ၏ 4Gအင်တာနက် ကွန်ရက်ကိုပထမဦးဆုံးစတင် ဝန်ဆောင်မှုပေးခဲ့သည့် အော်ရီဒူးသည် ဆက်သွယ်ရေး အခြေခံအရင်းအမြစ် တီထွင်ဖန်တီးမှုအရှိဆုံးဆုကို ရရှိခဲ့ကြောင်း အော်ရီဒူးမှ သတင်းထုတ်ပြန်ထားသည်။

မေလက လန်ဒန်မြို့တွင် ပြုလုပ်သော the Global Telecoms Business  Awards 2017 ၌ ဆုရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၁၂ လအတွင်းက လုပ်ငန်းတစ်ရပ်လုံး၏ အော်ပရေတာများနှင့် ပစ္စည်းရောင်းချသူများအကြား ဆန်းသစ်တီထွင်မှုအရှိဆုံးနှင့် အက်ပလီကေးရှင်း၊ ဒီဇိုင်း၊ ကွန်ရက်စသည့် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မှုကြောင့် ဆုရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် မေလအတွင်း အူရီဒူးမြန်မာသည် လူနေထူထပ်သောမြို့များဖြစ်သည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့တွင် 4G ဝန်ဆောင်မှုကို စတင်ပေးနိုင်ခဲ့သည်။

အူရီဒူးအနေဖြင့် ထပ်မံအဆင့်မြှင့်တင်မှုများပြုလုပ်သွားမည်ဖြစ်ပြီး တီထွင်ဆန်းသစ်သော ဝန်ဆောင်မှုများနှင့် မြန်ဆန်တည်ငြိမ်သောကွန်ရက်ကို ပိုမိုကြီးမားကျယ်ပြန့်သော   ဈေးကွက်ဝေစုရရှိအောင်   ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly