အာရှဖလားခြေစစ်ပွဲအောင်မြင်အောင်ကြိုးစားရန် ကစားသမားများကို ဦးဇော်ဇော် တိုက်တွန်း

အာရှဖလားခြေစစ်ပွဲအောင်မြင်အောင်ကြိုးစားရန် ကစားသမားများကို ဦးဇော်ဇော် တိုက်တွန်း

ဇွန် ၇၊ ရန်ကုန်။          ။ လက်ရွေးစင်ကစားသမားများအနေဖြင့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲကို အောင်မြင်အောင်ကစားရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲတွင် ကာဇက်စတန်၊ အိန္ဒိယ၊ မကာအိုအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဖွင့်ပွဲတွင် အိန္ဒိယအသင်းကို အိမ်ကွင်း၌ ၁-ဝဂိုးဖြင့် ရှုံးနိမ့်ထားသည်။ "ကစားသမားတွေကို အားလုံးပြည့်စုံအောင် ထောက်ပံ့ပေးထားပါတယ်။ အာရှဖလားခြေစစ်ပွဲအောင်ချင်တယ်။ အားလုံးကြိုးစားမှဖြစ်မှာပါ။ အိန္ဒိယအသင်းကိုလည်း နောက်တစ်ကျော့မှာ ရှုံးကြွေးဆပ်ဖို့ ကြိုးစားရမယ် '' ဟု ဦးဇော်ဇော်ကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အာရှဖလားခြေစစ်ပွဲ ဒုတိယပွဲအဖြစ် ဇွန်လ ၁၃ရက်တွင် မကာအိုအသင်းနှင့်ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ခြေစမ်းပွဲအဖြစ် ဇွန်လ ၇ ရက်က စင်ကာပူနှင့်ကစားခဲ့ရာ တစ်ဂိုးစီသရေကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly