ဂျော့ကလူးနီးနှင့် ဇနီးဖြစ်သူတို့၏ အမြွှာရင်သွေးနှစ်ဦး ဖွားမြင်

ဂျော့ကလူးနီးနှင့် ဇနီးဖြစ်သူတို့၏ အမြွှာရင်သွေးနှစ်ဦး ဖွားမြင်

နာမည်ကျော်မင်းသား ဂျော့ကလူးနီး၏ ဇနီးသည် အေမယ်ကလူးနီးသည် အမြွှာရင်သွေးနှစ်ဦး ဖွားမြင်ခဲ့ပြီး မိန်းကလေးငယ်ကို အယ်လာဟု အမည်မှည့်ခဲ့ကာ ယောင်္ကျားလေးကို အလက်ဇန္ဒားဟု အမည်ပေးခဲ့သည်။

အမြွှာရင်သွေးနှစ်ဦးသည် အင်္ဂါနေ့မနက်က လန်ဒန်မြို့တွင် မွေးဖွားခဲ့ကြောင်း ဂျော့ကလူးနီး၏ ကိုယ်ရေးအရာ ရှိဖြစ်သူက ပြောခဲ့သည်။

“ အယ်လာ၊ အလက်ဇန္ဒားနဲ့ အေမယ်တို့ သုံးယောက်လုံး ကျန်းကျန်းမာမာရှိပါတယ်။ အားလုံးပျော်နေကြပြီး အဆင်ပြေကြပါတယ်” ဟု စတန်ရိုဆန်ဖီးလ်က ပြောခဲ့ကာ ဂျော့ကလူးနီးကိုတော့ စိတ်ငြိမ်ဆေးတိုက်ထားရကြောင်းနှင့် ရက်ပိုင်းအတွင်း ပြန်ကောင်းလာမည်ဖြစ်ကြောင်း နောက်ပြောင်ခဲ့သည်။

အသက် ၅၆နှစ်အရွယ်ရှိ ဂျော့သည် အသက် ၃၉နှစ်အရွယ်ရှိပြီဖြစ်သော ရှေ့နေမလေး အေမယ်ကို လွန်ခဲ့သော ၂၀၁၄ စက်တင်ဘာလက ဗင်းနစ်မြို့တွင် လက်ထပ်ခဲ့သည်။

အေမယ်ကလူးနီး၏ မိဘများကလည်း သူတို့၏မြေးလေးများ ဖွားမြင်ခဲ့သည့်အတွက် အလွန်ဝမ်းသာနေကြောင်း သိရသည်။

ဆေးရုံတွင် သမီးဖြစ်သူကို အားပေးရန်ရောက်ရှိနေသော အေမယ်၏မိခင်ဖြစ်သူဘာရီယာက “ကျွန်မတို့ဟာ လကမ္ဘာပေါ် ရောက်နေသလို ခံစားရပါတယ်။ အလွန်ကိုကောင်းမွန်တဲ့ ဖွားမြင်မှုပါ။ ကလေးတွေဟာ လှပချောမောပြီး အားလုံးကျန်းမာကြပါတယ်” ဟု ပြောခဲ့သည်။

ဂျော့ကလူးနီး၏ ရင်သွေးလေးများ ဖွားမြင်မှုအတွက် မင်းသမီး နစ်ကိုးကစ်ဒ်မန်းနှင့်အတူ အခြားနာမည်ကျော် အနုပညာရှင်များက ဂျော့တို့စုံတွဲအား ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly