ရုံဝင်ငွေစံချိန်များ ချိုးဖျက်နိုင်ခဲ့သော Wonder Woman ဇာတ်ကား၏ အမျိုးသမီးဒါရိုက်တာ

ရုံဝင်ငွေစံချိန်များ ချိုးဖျက်နိုင်ခဲ့သော Wonder Woman ဇာတ်ကား၏ အမျိုးသမီးဒါရိုက်တာ

ဒါရိုက်တာပတ်တီဂျန်ကင် ရိုက်ကူးထားသော Wonder Woman ဇာတ်ကားသည် ပြီးခဲ့သော ပိတ်ရက်အတွင်း အမေရိကန်နှင့် ကနေဒါတို့မှ ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀.၅သန်းခန့် ရရှိခဲ့သောကြောင့် Box Office ရုံဝင်ငွေဇယားတွင် ထိပ်ဆုံးမှရပ်တည်နေသည်။

ထို့ကြောင့် ဂျန်ကင်သည် လွန်ခဲ့သော ၂၀၁၅ခုနှစ်က အမျိုးသမီးဒါရိုက်တာ ဆမ်တေလာဂျွန်ဆင်ရိုက်ကူးသော အမေရိကန်၌ ပွဲဦးထွက်ရုံဝင်ငွေ ဒေါ်လာ ၈၅.၁သန်းခန့်ရရှိခဲ့သည့် Fifty Shades of Grey ဇာတ်ကား၏ စံချိန် ကိုချိုးဖျက်ကာ ရုံဝင်ငွေ အများဆုံးရရှိသော ဇာတ်ကားကို ရိုက်ကူးသည့် အမျိုးသမီးဒါရိုက်တာတစ်ဦးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။

Wonder Woman ဇာတ်ကားတွင် အစ္စရေးမင်းသမီး ဂယ်လ်ဂါဒေ့ါတ်က ဦးဆောင်သရုပ်ဆောင်ထားပြီး ရုပ်ရှင် ဝေဖန်ရေးဆရာများထံမှ ကောင်းမွန်သော ဝေဖန်ချက်များစွာကို ရရှိနိုင်ခဲ့သည်။ သူမသည် ပြီးခဲ့သောနှစ်က ထွက်ရှိခဲ့သော Batman vs Superman: Dawn of Justice ဇာတ်ကားတွင် Wonder Woman ဇာတ်ကောင် နေရာမှ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အထူးသဖြင့် ရုံဝင်ငွေအများအပြားရရှိနိုင်သော စူပါဟီးရိုးဇာတ်ကားများအတွက် အမျိုးသမီးဒါရိုက်တာများကို ရိုက်ကူးခွင့်ပေးရန် လက်တွန့်နေခဲ့ကြသည်။

Wonder Woman ဇာတ်ကားသည် အမျိုးသမီးဒါရိုက်တာက ရိုက်ကူးသည့် ပထမဦးဆုံးအမျိုးသမီး စူပါဟီးရိုး ဇာတ်ကားတစ်ကားဖြစ်သည်။

ဒါ့အပြင် Wonder Woman ဇာတ်ကားသည် ဗြိတိန်ရုံဝင်ငွေဇယားတွင်လည်း ထိပ်ဆုံးမှဦးဆောင်နေကာ ပိတ်ရက်အတွင်း ရုံဝင်ငွေ စတာလင်ပေါင် ၆.၁၈သန်းခန့် ရရှိနိုင်ခဲ့သည်။

သို့သော်လည်း ဗြိတိန်ရုံဝင်ငွေဇယားတွင် လွန်ခဲ့သော ၂၀၁၅ခုနှစ်က ပွဲဦးထွက်ရုံဝင်ငွေ ၁၃.၅သန်း ရရှိခဲ့သည့် ဆမ်တေလာဂျွန်ဆင်၏ Fifty Shades of Grey ဇာတ်ကား၏ စံချိန်ကိုတော့ ချိုးဖျက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly