ဒုတိယဆုတံဆိပ်ကို အာဆင်နယ်ပရိသတ် ကလေးငယ် တစ်ဦးထံမော်ရင်ဟိုပစ်ပေး

ဒုတိယဆုတံဆိပ်ကို အာဆင်နယ်ပရိသတ် ကလေးငယ် တစ်ဦးထံမော်ရင်ဟိုပစ်ပေး

သြဂုတ် ၃၊ လန်ဒန် ။       ။ ကွန်မြူနတီဖလားပြိုင်ပွဲတွင် အာဆင်နယ်ကိုရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည် ဒုတိယဆုတံဆိပ်ကို ပွဲကြည့်စင်ဘက်ပစ်ပေး ခဲ့ရာ အာဆင်နယ်ပရိသတ် ကလေးငယ်တစ်ဦးမှ ရရှိသွားခဲ့သည်။ အရှုံးသမားတစ်ယောက်အတွက် ဆုတံဆိပ်ကို ပစ်ပေးခဲ့ခြင်းဖြစ်သည်ဟု လည်း မော်ရင်ဟိုက ဆိုခဲ့သည်။

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ပြိုင်ဘက်အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကိုလည်း လက်ဆွဲနှုတ်ဆက်ခြင်းမပြုခဲ့ဘဲ အာဆင်နယ် အသင်း ဆုတံဆိပ်ရယူအပြီးတွင် မော်ရင်ဟိုက ၎င်းအတွက် ရရှိထားသော ဆုတံဆိပ်ကို ပရိသတ်ကလေးငယ်တစ်ဦးထံ ပစ်ပေးခဲ့ခြင်းဖြစ် သည်။

အသက် ၅၂ နှစ်အရွယ်ရှိ မော်ရင်ဟိုက "အဲဒါက အရှုံးသမားတစ်ယောက်အတွက် ဆုတံဆိပ်ဖြစ်ပါတယ်။ သူ့အတွက်တော့ အမှတ်တရကောင်းတစ်ခုဖြစ်ပါတယ်"ဟု ဆုတံဆိပ်ကို ပစ်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်း၏တွစ်တာတွင်လည်း  ဒုတိယဆုတံဆိပ်ကို မလိုချင်သောကြောင့် အာဆင်နယ်ပရိသတ်တစ်ဦးထံ ပစ်ပေးခဲ့ခြင်းဖြစ်သည် မော်ရင်ဟိုကပြောကြောင်း ရေးသားထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly