ပီအက်စ်ဂျီသို့ ပေါင် ၄၄ ဒသမ ၄ သန်းဖြင့်ပြောင်းရွှေ့ရန် ကာတာသို့ ဒီမာရီယာရောက်ရှိ

ပီအက်စ်ဂျီသို့ ပေါင် ၄၄ ဒသမ ၄ သန်းဖြင့်ပြောင်းရွှေ့ရန် ကာတာသို့ ဒီမာရီယာရောက်ရှိ

သြဂုတ် ၃၊ ဒိုဟာ ။         ။ ဒီမာရီယာသည် မန်ယူမှ ပီအက်စ်ဂျီသို့ ပေါင် ၄၄ ဒသမ ၄ သန်းဖြင့်ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုခံယူရန် ကာတာနိုင်ငံ ဒိုဟာမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် ဒီမာရီယာသည် အာဂျင်တီးနားမှတစ်ဆင့် ဆော်ပေါ်လို၊ ယင်းမှတစ်ဆင့် ဒိုဟာသို့ လေယာဉ်ဖြင့်သွားရောက်ခဲ့ပြီး လေဆိပ်တွင် ရိုက်ကူးထားသည့် ဓါတ်ပုံကိုလည်း ပြသခဲ့သည်။

ယင်းတောင်ပံကစားသမားသည် အက်စပိုင်းယားစင်တာတွင် တနင်္လာနံနက်ပိုင်း၌ ဆေးစစ်မှုခံယူပြီး ပီအက်စ်ဂျီအသင်းနှင့် စာချုပ်ကို လက်မှတ်ထိုးမည်ဖြစ်သည်။

ဒီမာရီယာသည် တစ်ပတ်လုပ်ခ ပေါင် ၁၇၀,၀၀၀၊ လေးနှစ်စာချုပ်ဖြင့် သဘောတူညီမှုရထားခြင်းဖြစ်သည်။ ၎င်းသည် ကိုပါအမေရိကဖလား ပြိုင်ပွဲပြီးကတည်းက မန်ယူအသင်းသို့ သွားရောက်ပူးပေါင်းဖြင်း မရှိတော့သူလည်း ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်းအနေဖြင့် ယမန်နှစ် သြဂုတ်ကမှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် မန်ယူ အသင်းသို့ပြောင်း ရွှေ့လာခဲ့သူဖြစ်သည်။

ရာသီအစပိုင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ရာသီဝက်ကာမှစတင်ပြီး ရုန်းကန်ခဲ့ရကာ အကန့်အသတ်ဖြင့်သာ ပွဲထွက်ခွင့်ရရှိခဲ့သည်။ မတ် ၉ တွင် အာဆင်နယ်ကိုရှုံးသည့် အက်ဖ်အေဖလား ကွာတား ပွဲပြီးနောက်ပိုင်း တစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

ပြင်သစ်ကလပ်တစ်သင်းပင်ဖြစ်သည့် လိုင်ယွန်အသင်းသည်လည်း မန်ယူညာနောက်ခံလူ ရာဖေးကို ပေါင် ၇ သန်းဖြင့်ခေါ်ယူရန် ညှိနှိုင်းနေ သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly