အခမဲ့ ကြည့်ရှုရမယ့် မြန်မာ့ဂီတပွဲတော်

အခမဲ့ ကြည့်ရှုရမယ့် မြန်မာ့ဂီတပွဲတော်

အခမဲ့ ကြည့်ရှုနိုင်မည့် Myanmar Music Festival 2017 မြန်မာ့ဂီတပွဲတော်ကို ဇွန်လ ၉ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြို့တော်ခန်းမမှာ ည ၆နာရီတွင် ကျင်းပသွားမှာဖြစ်သည်။

ယင်းပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၅ရက်က ရန်ကုန်မြို့ မြန်မာပလာဇာရှိ အော်ရီဒူးမြန်မာရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

အခမဲ့ဂီတပွဲတော်တွင် မြန်မာ့ရိုးရာတေးဂီတကို ခေတ်ပေါ်တေးဂီတများနှင့် ပေါင်းစပ်ပြီး ဂီတကို အသွင်သစ်နှင့် ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး မြန်မာရိုးရာဂီတနဲ့ပေါင်းစပ်တီးခတ်တဲ့အခါမှာ ခက်ခဲမှုတွေရှိသော်လည်း အကောင်းဆုံးကြိုးစားထားကြောင်း ထိုင်ဝမ်နိုင်ငံက ချယ်လိုပညာရှင် ယုဝမ်ဝမ်းက ပြောသည်။

"အစပိုင်းမှာတော့ တော်တေ်ာကိုခက်ခဲပါတယ်။ အနောက်ပိုင်းဂီတကို မြန်မာရိုးရာဂီတနုတ်တွေနဲ့ပြောင်းလဲပြီး လေ့ကျင့်ကြည့်ခဲ့ကြတဲ့အခါမှာ မြန်မာနိုင်ငံရဲ့တေးဂီတ တူရီယာတွေနဲ့တီးပုံ ခတ်ပုံမတူကြပါဘူး။ လေ့ကျင့်တဲ့အချိန်တွေမှာ ပြန်လည်ညီမျှအောင် အကြိမ်ကြိမ်လေ့ကျင့်တဲ့အခါမှာ ခုလိုမျိုးအကောင်းဆုံးဖြစ်လာပါတယ်" ဟု သူက ဆက်ပြောသည်။

မြန်မာ့ဂီတပွဲတော်ကို ဇွန်လ၁၁ရက် ည(၇)နာရီတွင် နေပြည်တော်၊ မဟာသုခလမ်းပေါ်မှာရှိသည့် MICC-2 မှာ ဝင်ကြေးအခမဲ့ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ ဂီတပွဲတော်ကို ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် 88 International တို့ ပူးပေါင်းပြီး ကျင်းပခြင်းဖြစ်သည်။

အဆိုအကပညာရှင် မစန္ဒာလင်းက "သူတို့ရဲ့တေးဂီတနဲ့အမတို့ရဲ့ တေးဂီတကအရမ်းကို ကွားခြားတယ်လေ နည်းနည်းတော့အခက်အခဲတော့ ဖြစ်တာပေ့ါ စဆိုတုန်းက သူလည်းခက်ခဲတယ်။ အမလည်းခက်ခဲတယ် သံစဉ်ကအစ အားလုံးပြန်ပြောင်းထားတော့ လုံးဝကို ကွဲပြားပါတယ်။ ဆိုနေကျ သားချော့တေးလိုပုံစံမဟုတ်ဘဲ သံစဉ်အနေအထားရောပြောင်းလဲပြီး လုပ်ထားတဲ့ သီချင်းပုံစံလေးပါ" ဟုပြောသည်။

မြန်မာ့ဂီတပွဲတော်ကို ဇွန်လ ၁၃ရက်တွင် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ၌ ည(၇)နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။ ဇွန်လ ၁၈ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ည(၇)နာရီတွင် ဝင်ကြေးအခမဲ့ဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

စန္ဒာရားပညာရှင် ကင်ဘောဦးဆောင်သော 88International အဖွဲ့သည် မြန်မာနိုင်ငံကို ၂၀၁၄ခုနှစ်ကစတင်ပြီး မြန်မာ့ရိုးရာဂီတနှင့် ပေါင်းစပ်ကာ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂီတပွဲကို နှစ်စဉ်နှစ်တိုင်းဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ( ၄)ကြိမ်မြောက်ဖြစ်သည်ဟုသိရသည်။ မြန်မာ့ဂီတပွဲတော် Myanmar Music Festival 2017 Jade Elephant Sponsor အဖြစ် အူရီဒူးမှ ပံပိုးပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly