အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (အပိုင်း ၂)

05 June 2017
အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (အပိုင်း ၂)

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

အဲတော့ ဦးကျော်ဇေယျကို ကျွန်တော် နည်းနည်းလေး မေးပါရစေ။ ဦးဇေယျာလှိုင်ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာတစ်ချက်က ပါတီကလည်း စဉ်းစားရမယ်ပေါ့နော်။ ပါတီကနေပြီးတော့မှ ကိုယ်စားလှယ်တွေကို လွှမ်းမိုးနေတယ်ဆိုတဲ့ဟာမျိုး ပြည်သူလူထုထဲမှာလည်း ဒါက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတယ်ဆိုတော့ လက်တွေ့ရော ဘာတွေများ ဖြစ်နေoလဲ။ ဘာတွေကရော ဥပမာ ညွှန်ကြားချက်မျိုး ပါ;စပ်နဲ့ သတိပေးတာမျိုးပေါ့ အဲဒါမျိုးတွေရှိoလား ။

ဦးကျော်ဇေယျ (လွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်တိုင်းဒေသကြီး

ထပ်ပြောရင်တော့ ကျွန်တော်တို့ လာမယ့် ၂၈ ကိုပဲ ပါတီရယ် အစိုးရရယ် လွှတ်တော်ရယ် ရန်ကုန်တိုင်းမှာတော့ ၂၈ ရက်နေ့ ရုံးချုပ်က ခေါ်ထားတယ်ဗျ။ အဲတော့ ဒါကလည်း ကျွန်တေ်ာတို့ ပြောစရာရှိတာတွေပြောဖို့အတွက် ကျွန်တော်တို့လည်း အကုန်လုံး အသင့် လုပ်ထားတယ်။ အဲတော့ ခုနက ဆရာပြောတဲ့အထဲပေါ့ စိတ်ဝင်စားတာ တစ်ခုရှိသေးတယ်။ လွှတ်တော်ဥက္ကဋ္ဌ အဲဒီ လွှတ်တော်ဥက္ကဋ္ဌကို ကျွန်တော်တို့ ရွေးချယ်တဲ့အခါမှာ ကိုယ်စားလှယ်တွေတက်လာတယ် တချို့ကလည်း သိကြတယ် တချို့ကလည်း မသိကြဘူး။ ဥက္ကဋ္ဌကို တကယ်တမ်းကြတော့ ရွေးချယ်ခန့်လိုက်တာက ပါတီက ခန့်လိုက်တာ။ အနိုင်ရပါတီက အဲဒီတော့ သူ့ကို ပါတီကနေ ခန့်လိုက်တာ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျွန်တော်တို့က မဲပေးရမှာလေ။ ဘယ်သူ့ကိုကြိုက်တယ် ဥက္ကဋ္ဌတင်မြောက်တယ်ဆိုတာကို။ အစကတည်းက လုပ်ရမှာ။ ဒါက ပထမကတည်းက ပါတီကနေ ခန့်လိုက် ဒီလူတွေဒီလူတွေဆိုတော့ ပါတီကကောင်တွေက ဘယ်သူမှလည်း ထောက်ခံစာတွေ ကန့်ကွက်စာတွေ မလုပ်ကြတော့ဘူး။ ဟုတ်ကဲ့ဆိုပြီးတော့ လုပ်လိုက်တယ်။ အဲဒါကနေစပြီးတော့ ဒီမိုကရေစီ မဆန်တော့ဘူးပေါ့နော်။ သူ့ရဲ့ လုပ်ရမယ့် စည်းကမ်းစည်းမျဉ်းကတော့ ကိုယ့်ဘာသာကိုယ် ရွေးချယ်ရမှာ ဥက္ကဋ္ဌရွေးချယ်ရမယ် နာယကရွေးပြီး လုပ်ရမယ့်ဟာကို ပါတီနေပြီးတော့ ဒီလူပဲဆိုတော့ လုပ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ကတောင် အော် အဲလိုပဲလား သဘောတူရမယ် အဲတော့ ခုနက ဆရာပြောသလိုပေါ့ လွှမ်းမိုးမှု အနည်းငယ်တော့ ရှိတာပေါ့။

နောက်ပြီးတော့ ဥက္ကဋ္ဌရဲ့ အရည်အသွေးပေါ်လည်း အများကြီးမူတည်တယ်။ ဥပမာ ကျွန်တော်တို့ အဆိုတွေတင်တယ် မေးခွန်းတွေတင်တယ် ဒါကို ဥက္ကဋ္ဌက ဖြတ်ချလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုဆိုးတာက မိအေးနှစ်ခါနာဖြစ်တာက ကျွန်တော်ဆို အဆိုတင် ပြီးသွားပြီ စတုတ္ထပုံမှန်အစည်းအဝေး ကျွန်တော် မေးခွန်းမေးတယ် မေးခွန်း ၇ ခုှမှာ တစ်ခုပဲလာဖြေတယ်။ ကျွန်တော် အဆိုတစ်ခုတင်တယ် သို့သော်လည်းပဲ ဒီအဆိုက အစိုးရဘက်ကို လွှတ်တော်ဥက္ကဋ္ဌက ပို့သလား။ ပို့ရဲ့သားနဲ့ အစိုးရအဖွဲ့က လာမဖြေတာလား။ ဒါမှမဟုတ် လွှတ်တော်ဥက္ကဌကပဲ သူ့ရဲ့လက်ထဲမှာပဲ ခေါက်ထားတာလား။ ဘာပဲဖြစ်ဖြစ် ထားပါ ကျွန်တော်တို့က ကိုယ်စားလှယ်ဆိုတော့ လွှတ်တေ်ာဥက္ကဋ္ဌက ကျွန်တော်တို့ကို ခေါ်ပြောရမယ် လာဦးကျော်ဇေယျဆို ကျွန်တော်ကလည်း မေးမှာ ကျွန်တော်တို့မှာလည်း မူတွေရှိပါတယ်။ ဒို့တာဝန်အရေးသုံးပါးနဲ့ မညိရဘူး လူမှုရေး တိုင်းရင်းသားအရေးနဲ့ ဘာသာရေးနဲ့ မညိရဘူး အဲဒါတွေညိရင်လည်း ကျွန်တော်တို့ကို ပြောလေ။ ဒီလိုမျိုးလည်း ရှင်းမပြဘူး။ ရှင်းမပြတော့ ကျွန်တော်တို့ကတော့ ဖီလင်ဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ မေးမှာပါ အဲဒါလေးတွေကတော့ မှန်ပါတယ် ဒါကတော့ ပါတီရော အစိုးရရော ဥက္ကဋ္ဌအဖွဲ့တွေကပါ တစ်နွယ်ငင် တစ်စင်ပါလေးတွေတော့ ဖြစ်နေတာပေါ့နော်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

အဲတော့ ယေဘုယျ သုံးသပ်လို့ရှိရင်တော့ ဒါ အစိုးရရယ် လွှတ်တော်ရယ်ကတော့ Check and Valance မလုပ်နိုင်ဘူးဆိုတဲ့ဟာမျိုး ဖြစ်နေတယ်ပေါ့နော်။ အစိုးရကနေပြီးတော့ လွှတ်တော်ကို လွှမ်းမိုးတာတွေ ရှိနေတယ်ပေါ့။ ယေဘုယျ သုံးသပ်တယ်ပေါ့။ အဲတော့ အဲဒီလိုမျိုး လွှမ်းမိုးရင် ဘာများဖြစ်တတ်လဲ ဘာများဖြစ်နိုင်မလဲ ဆရာဦးရန်ကျော်။

ဦးရန်ကျော် (မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ)

ကျွန်တော် ရှေ့ပိုင်းမှာလည်း ကျွန်တော် ပြောခဲ့တယ်ပေါ့။ အစိုးရက လွှတ်တော်ကို လွှမ်းမိုးမှု များလာခဲ့ရင် ဒီအစိုးရမျိုးက အာဏာရှင် အစိုးရ ဖြစ်တတ်ပါတယ်။ လွှတ်တော်ကို သူက ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့။ ဒါပေမယ့် သတိမထားမိလို့ပါ။ အခု ကျွန်တော်တို့ အစိုးရအဖွဲ့ထဲက အများစုက ရန်ကုန်တိုင်းဆိုလို့ရှိရင်လည်း လွှတ်တော်ကိုယ်စားလှယ်ကနေပြီးတော့ အစိုးရအဖွဲ့ထဲကို ပါသွားတဲ့လူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အခန်း ၁၅ ခန်း ပုဒ်မ ၄၅၇ ခုရှိတဲ့ ကျွန်တော်တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျွန်တော်တို့အတွက် ရှိနေသေးတယ်။ အဲဒီအထဲမှာလည်း အခုတစ်ခါ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျန်ခဲ့တဲ့ မတ်လကမှ ပြောသွားတဲ့မိန့်ခွန်းထဲမှာလည်း ပါသွားပြီးတော ပြည်သူနဲ့အတူဆိုတဲ့ ကြွေးကြော်သံလေးကို တွေ့တယ်။ ပြည်သူနဲ့အတူဆိုလို့ရှိရင် ဒါကြီးကလည်း ဟိုဘက်ကအစိုးလက်ထက်ကတည်းက ဟိုဘက်အစိုးရ ပြီးခါနီးမှာ တစ်ပိုင်းတစ်စနဲ့ ကျန်ခဲ့တယ် ကျွန်တော်တို့ ဒီ Right to Recall ပေါ့ဗျာ။ အဲဒါကြီးကိုလည်း အမှန်ကတော့ လွှတ်တော်က ဆက်လုပ်ရမှာဗျ။ ဒါပေမယ့် ခုနက ဆရာတွေပြောသလိုပဲပေါ့ လွှတ်တော်ကပဲ Drive မလုပ်တာလား၊ လွှတ်တော်မှာပဲ Drive လုပ်ခွင့် မရတာလား ဒါကတော့ ဆိုင်ရာပုဂ္ဂိုလ်များပဲ သိရလိမ့်မယ်။ ပြည်သူအတွက်ကတော့ ဒါမျိုးက ရှိသင့်ပါတယ်။ ပြည်သူ့အတွက်ဆိုတဲ့စကားနဲ့ ပြည်သူကို မျက်နှာမူ၍ ပြည်သူ့အတွက်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆရာတွေပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေက ရွေးပေးလိုက်ကြတာပါ။ ကျွန်တော်တို့ပြည်သူတွေက ပခုံးနဲ့ ထမ်းတင်ပေးလိုက်ကြတာပါ။ ဒါပေမယ့် ဒါ ကျွန်တော်တစ်ယောက်တည်းရဲ့ အယူအဆပါ။ ကျွန်တော်တို့ရဲ့ အရှင် ကျွန်တော်တို့ရဲ့သခင်လို့ ကျွန်တော်တို့ သဘောမထားဘူး။ ဒါ ကျွန်တော်တို့ကိုယ်စား ကျွန်တော်တို့ကိုယ်ပွား ပြောနိုင်ဆိုနိုင် လုပ်နိုင်ကိုင်နိုင်တဲ့နေရာမှာ လုပ်ပေးဖို့အတွက် ကျွန်တော်တို့ ထားပေးထားတဲ့သူတွေပါ။

ဆိုတော့ ဒီလိုထားပေးထားတဲ့သူတွေက ကျွန်တော်တို့ကိုယ်စား ကျွန်တော်တို့ကိုယ်ပွား လုပ်ခွင့်ကိုင်ခွင့် မရတော့ဘူးဆိုရင် ခုနက ဆရာပြောတဲ့ လွှမ်းမိုးမှုကြီးက အရမ်းများလာရင် ဒါက အာဏာရှင် ဖြစ်သွားတက်ပါတယ်။ ကျွန်တော် ဖြစ်မယ်လို့တော့ မပြောဘူးနော်။ ဖြစ်သွားတတ်တယ် သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အစောကြီးကတည်းက ခွဲခြားထားပြီးသားပါ ဥပဒေပြုရေးအာဏာ တရားစီရင်ရေးအာဏာ အုပ်ချုပ်ရေးအာဏာ ဥပဒေပြုရေးမှာ လွှတ်တော်က ဘယ်သူမှ သူ့အပေါ်ကို လွှမ်းမိုးလို့ မရပါဘူး။ ဒါ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အာဏာရှင်ကလွဲရင်ပေါ့ဗျာ။ ဒီလိုမျိုးတွေရှိတယ်။ ဒီလိုမျိုး သီးသီးခြားခြား Check and Valance တွေ ရှိနေလို့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အရွေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ သွားတဲ့ ကြိမ်နှုန်းပေါ့လေ အင်မတန်မှ ကောင်းမွန်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့က မသိမသာ ရာဇဝင်ဘေးက နောက်ပြန်တစ်ပတ် လည်သွားဦးမှာကို စိုးရိမ်ပါတယ်။ အခုရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရော အစိုးရမင်းများရောက နေကြာပန်းလို ကျင့်ကြပါလို့ ကျွန်တော်က ပြည်သူတစ်ယောက်အနေနဲ့ နေကြာပန်းက ဘာပဲပြောပြော သစ္စာရှိရှိ တစိုက်မတ်မတ် နေမင်းရဲ့မျက်နှာကိုပဲ ကြည့်သလို ပြည်သူရဲ့မျက်နှာကိုပဲ ကြည့်ပြီး လုပ်ကြမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အရွေ့ကြီးကတော့ အရမ်းကောင်းမှာပါ။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့။ အဲတော့ ဦးဇေယျာလှိုင် ဆရာဦးရန်ကျော်ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက ကျွန်တော်တို့ ဘီးတစ်ပါတ်ပြန်လည်မယ် ဒါမှမဟုတ်ရင် အားဏာရှင် ပြန်ဖြစ်သွားတက်တယ်လို့ ပြောတဲ့အခါကျတော့ ကျွန်တော်တို့က ဦးဇေယျာလှိုင်ကလည်း မီဒီယာသမားဖြစ်တဲ့အခါကျတော့ မီဒီယာဆိုတာကလည်း ပြည်သူ့နား ပြည်သူ့ပါစပ်ကို။ ဆိုတော့ ကျွန်တော်တို့က ဒီဟာတွေကို ဟုတ်ပြီ လွှတ်တော်နဲ့ အစိုးရက ဒီဟာတွေကို အပြန်အလှန်ထိန်းကျောင်းမှုမရှိဘူး လွှတ်တော်ကတော့ ဘာလွဲနေတယ် အစိုးရကတော့ ဘယ်နေရမှာ ချွတ်ချော်နေတယ်ဆိုတာ ကျွန်တေ်ာတို့က ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် တင်ပြခွင့်ရပြီလဲ သူတို့ကရော ကျွန်တော်တို့အတွက် ပြည်သူ့နား ပြည်သူ့ပါးစပ်ဆိုတဲ့ ဒီမီဒီယာတွေရဲ့ ဖော်ပြပုံကို ဘယ်လောက် အလေးထားတယ်လို့ ယူဆလို့ရမလဲ။

ဦးဇေယျာလှိုင် (အယ်ဒီတာချုပ်)

မော်ကွန်းမဂ္ဂဇင်း

ဆရာဦးရန်ကျော်ကတော့ ဘီးတစ်ပတ်လည်မယ်ပေါ့ အဲတော့ မေးစရာပြန်ရှိတာက ကျွန်တော်တို့က စဉ်းစားတာပေါ့လေ။ ဘီးကတော့ လည်တော့လည်ရမယ်ပဲ။ ဒါပေမယ့် ရှေ့ကိုတော့ လည်ရမှာပေါ့နော်။ နောက်ကိုလည်လို့တော့ မကောင်းဘူးပေါ့။ ဘီးကတော့ လည်ရမယ် အရင်နဲ့မတူတဲ့ လမ်းအသစ်ကို ဘီးက လည်ရလိမ့်မယ်။ အရင်တုန်းကတော့ ကျွန်တော်တို့လည်း သိတဲ့အတိုင်းပဲ လူထုကလည်း အမြဲတမ်းစောင့်ကြည့်ပြီးတော့ အစိုးရ လုပ်လို့ရှိရင် ကြိတ်ပြီးတော့ တီးကြတာပေါ့လေ။ တီးလို့လည်း ကောင်းတာကို။ တီးစရာကလည်း များတာကို။ အခုကျတော့ သူတို့ကိုယ်တိုင်ကလည်း လူထုအစိုးရဆိုပြီးတော့မှ ပြည်သူနဲ့အတူဆိုတာတို့ပေါ့လေ စကားလုံးတွေ နားထောင်လို့ကောင်းတယ်။ စကားလုံးတွေချည်းပဲကတော့ ဘာမှအဓိပ္ပာယ်မရှိဘူးဗျ။ အဲဒီနောက်မှာပါတဲ့ အလုပ်ဆိုတာကို ပြဖို့လိုတယ်။ အဲတော့ ဘီးက လမ်းအသစ်ကို လည်နေပြီလို့ ကျွန်တော်ကမြင်တယ် ဒီဇိုင်းသစ်နဲ့။ အဲတော့ မီဒီယာကနေပြီးတော့ အစိုးရမင်းတစ်ယောက်ဆီကို ဝေဖန်ကြည့်လိုက် ချက်ခြင်း ခင်ဗျားဆီကို Counter Back  လာလိမ့်မယ်။ အရင်တုန်းကတော့သိတယ် ဒီလိုလာသူက ဘယ်သူတွေလည်းဆိုတာ ကြည့်လို့ရှိရင် မြင်နေရတယ်။ အခုကလည်း တချို့လူတွေကလည်း ဒီအစိုးရကိုကြိုက်တဲ့လူထုကလည်း များတာကို အရင်ထက်စာလို့ရှိရင် အဲတော့ မီဒီယာမှာကလည်း အန္တရာယ်က ပိုများလာပြီ မီဒီယာက ဆူးကြားက ဘူးခါးပဲ။ ဒုက္ခပေးမယ့် ဥပဒေတွေကလည်း အများကြီးပဲ။ ကိုယ်ရေးတာကို ကိုယ့်ကို ပြန်ပြီးတော့မှ ပြန်ပြီး ဝေဖန်ပြီးတော့မှ ပြဿနာပြန်ရှာမယ့်အဖွဲ့တွေကလည်း ပြန်ရှိလာတာပေါ့လေ။ ဒါက တစ်ပိုင်းပေါ့။ နောက်တစ်ခုရှိတာက ခုနကပြောတဲ့ ပြည်သူနဲ့အတူဆိုတဲ့ စကားလုံးက ထိပ်ကခေါင်းဆောင်တွေပေါ့နော် ပွင့်ပွင့်လင်းလင်းပြောရင်တော့ ပါတီထဲမှာ လက်နှိပ်ကိုင်းတွေ ရှိနေတယ်။ လက်နှိပ်ခိုင်းတွေ ထိလို့မရတဲ့ကိုင်းတွေရှိတယ်။ ဒီကိုင်းတွေကနေ ချပေးတဲ့လိုင်းကို သူ့အောက်ကလူတွေကိုယ်တိုင် အကောင်အထည်မဖော်နိုင်ဘူး။ ဥပမာအားဖြင့် ပြမယ်ဆိုလို့ရှိရင် ဟိုနေ့ကဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် Trader မှာဖြစ်ခဲ့တဲ့ ပြဿနာပေါ့နော် မီးပျက်တယ် ဟုတ်တယ် ကျွန်တော်တို့က ဟော်တယ်မှာ ပြဿနာရှိတယ်ဆိုတာ ယူဆတယ်။ ဒါပေမယ့် မူလအရင်းအမြစ်ကတော့ EPC ထားလိုက် ဒါတွေကိုထားလိုက်မယ် ဒါပေမယ့် ဝန်ကြီးချုပ်ပြောတဲ့စကားက ခုနက ပြည်သူနဲ့အတူဆိုတဲ့ စကားလုံးကို လုံးဝ ဆန့်ကျင်တယ်။ ဝန်ကြီးချုပ်လမ်းကြောင်းနော်လို့ သူပြောသွားတယ်။ အဲတော့ ဝန်ကြီးချုပ်က ပြည်သူနဲ့မတူဘူးဆိုတဲ့ သဘောကို သူဆောင်တာ။ အာဏာရှင်ဆိုတဲ့စကားကို သူပြောတာ။ အဲတော့ ကျွန်တော်က ကျန်တဲ့ EPC တာဝန်ရှိတာတွေ ဟော်တယ်တာဝန်ရှိတာတွေကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အဲဒီစကားပြောတာက သူ့ပါတီက ချပေးတဲ့ ပြည်သူနဲ့အတူဆိုတဲ့ စကားလုံးကို ပေါ်ပေါ်တင်တင် ဖောက်ဖျက်တာပဲ။ ဝန်ကြီးချုပ်ရဲ့လမ်းကြောင်း မီးမပျက်ရဘူးဆိုရင် ဘေးလူတွေ မီးပျက်လို့ရတယ်လို့ သူပြောချင်တာပဲ။ အဲတော့ အဲဒီဝန်ကြီးချုပ်ကရော ဘာမို့လို့လဲ လူမဟုတ်ဘူးလား ကျွန်တော်တို့ ခုနကပြောတဲ့ ထမ်းတင်ပေးထားတဲ့ ကိုယ်စားလှယ်တွေကနေပြီးတော့ ထမ်းတင်ပေးမှ ဝန်ကြီးချုပ်ဖြစ်တာကို။ ဝန်ကြီးချုပ်ဆိုတာကတော့ အပေါ်ကနေ ခန့်ရတာလေ။ ဒီပါတီကမှ အာဏာရမှ ခန့်ရတာဆိုတော့ စကားပြောတာ နည်းနည်းတော့ မဆင်မခြင်တွေ ပေါတာပေါ့နော်။

နောက်တစ်ခုရှိတာက ဒီပါတီက မီဒီယာသမားတွေကို အကောင်းမမြင်ဘူး။ စတက်လာကတည်းက ကျွန်တော်တို့ကို ဂျောင်စပို့ထားတယ်။ ကျွန်တော်တို့လိုချင်တဲ့ ဥပဒေကို မသိကျိုးကျွန်ပြုထားတယ်။ မီဒီယာသမားတွေကို နှိပ်ကွပ်နေတဲ့ ဥပဒေတွေ ပြင်ပါဆိုတော့ မသိချင်ယောင်ဆောင်နေတယ်။ အဲဒီထက်ဆိုးတာက အစိုးရမင်းတွေကိုယ်တိုင်ကိုက မီဒီယာကို ထပ်ပြီးတော့ ဒုက္ခပေးလာတယ်။ အဲဒီမှာ အရေးပါတာက ခုနကပြောတဲ့ ရှာဖွေတယ်၊ ဖော်ထုတ်တယ်၊ ရေးသားတယ် လွှတ်တော်က ဖော်ထုတ်တယ် ခုနကပြောတဲ့ အရင် အရာရှိချုပ်ဟောင်းတွေ ဝန်ကြီးချုပ်ဟောင်းတွေရဲ့ လာဒ်စားထားမှုတွေ ပေါ်လာတယ်။ ဒါမျိုးတွေကို ဘယ်လိုအရေးယူမလဲဆိုတာမျိုးက အစိုးရဘက်က  မပြတ်သားဘူး။ အဲတော့ ပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့ကပဲ ကျွန်တေ်ာ ဦးစန်းဆင့်ကိစ္စပေါ့နော် သူဆိုလို့ရှိရင်တောင်မှပဲ အရေးယူခံရတယ်။ ဒါပေမယ့် ဒီအစိုးရကျတော့ နောက်ပြန်မလှည့်ပါဘူးဆိုတဲ့ စကားလုံးနဲ့ပဲ ကျွန်တေ်ာတို့ကို ချွေးသိပ်သွားတယ်။ ဘာကြောင့်လဲဆိုတဲ့ Transparence ကို ကျွန်တော်တို့ မမြင်ရဘူး။

နောက်ပြီးတော့ အရင်တုန်းက ဒုဝန်ကြီးတစ်ယောက် အဖြုတ်ခံရတယ်။ ဘာကြောင့်လဲဆိုတဲ့ Messageမရဘူး။ နောက် ဘာတွေပြဿနာရှိနေလဲဆိုတာကို ကျွန်တေ်ာတို့ လူထုက ရှင်းရှင်းလင်းလင်း Message မရဘူးဖြစ်နေတယ်။ အဲတော့ ဒီနေရာက Role မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့   Role က အရမ်းကို အရေးပါတယ်။ သူတို့မှာ ကျွန်တေ်ာတို့ထက်ပိုပြီး မေးပိုင်ခွင့်က ဥပဒေက ပေးထားတာရှိတာကို။ အဲတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကလည်း လှုပ်လို့မရတဲ့အနေအထားမှာ အမှန်ကတော့ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက ကျွန်တော်တို့ နားလည်တာက နာမည်ကိုက ပြည်သူ့ကိုယ်စားလှယ်ခေါ်တာကို။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပါတီကိုယ်စားလှယ်ဆိုတာ နောက်မှာရှိတာကို။ ပါတီကိုယ်စားပြုပဲရှိတယ်ဆိုတော့ နံပါတ်တစ်ကတော့ ပြည်သူကို ကိုယ်စားပြုရမယ်။ နံပါတ်နှစ်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကို လွှတ်တော်ရဲ့ အလုပ်ဖြစ်တဲ့ ဥပဒေပြုရေးကို လုပ်ပြီးတော့မှ တတိယကျမှ ပါတီရှိတယ်ဆိုလို့ရှိရင် ပါတီပေါ့လေ ဒါပေမယ့် ပြဿနာက အဲဒီပုံစံကို သွားပါရဲ့လားဆိုတာက ကျွန်တော်တို့က ပြန်စဥ်းစားဖို့လိုတယ်။

အဲတော့ ဆရာဦးကျော်ဇေယျဆိုရင်လည်း အမြဲတမ်းပြောတယ် ကိုနေဘုန်းလတ်တို့ဆိုရင်လည်း အမြဲတမ်း ပြောပါတယ်။ အဲတော့ အဲလိုကိုယ်စားလှယ်တွေ များများပေါ်လာပြီးတော့မှ ခုနက လူထုသိချင်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ မီဒီယာနဲ့ပေါင်းပြီးတော့ ဆွဲထုတ်မှပဲ ခုနက အာဏာရှင်မဆန်တဲ့ပုံစံမျိုးကို ရောက်မသွားအောင် ကျွန်တော်တို့ ထိန်းဖို့လိုတယ်။ ဆိုတော့ စကားပုံလည်းရှိပါတယ်။ လူတစ်ယောက်ကို အာဏာပေးကြည့်လို့ရှိရင် ကောင်းမကောင်း သိလာမယ်ဆိုတာ အဲတော့ အားလုံးကတော့ Check and Valance မရှိရင်တော့ လွယ်ရင် သူကြွယ် သူခိုးဖြစ်တယ်ဆိုတဲ့ စကားပုံတွေက အလကားထားခဲ့တာ မဟုတ်ပါဘူး။ အဲတော့ Check and Valance ဖြစ်ဖို့ ကျွန်တော်တို့က အားလုံး ဝိုင်းပြီး ကြိုးစားရမယ့် အနေအထားပါပဲ။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။ http://www.mizzimaburmese.com/article/27616

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly