ဒူးရင်းသီး ရင့်၊ မရင့် ဘယ်လိုသိမလဲ

05 June 2017
ဒူးရင်းသီး ရင့်၊ မရင့် ဘယ်လိုသိမလဲ

ဒူးရင်းပင်တွေကတော့ စိုက်ပျိုးပြီး ခြောက်နှစ်ကနေ ရှစ်နှစ်အတွင်းမှာ အသီးများစတင်သီးမှာလည်း ဖြစ်ပါတယ်။ အသီးများကိုမှည့်တဲ့အထိထားရန်မလိုဘဲ ရင့်တဲ့အချိန်မှာ ခူးဆွတ်နိုင်ပါတယ်။

ကဲ .. ရင့်၊ မရင့်ကတော့ ပထမဦးဆုံးအသီးကို လက်နဲ့ခေါက်ကြည့်လိုက်ပါ။ ခေါက်လိုက်တဲ့အခါမှာ အသံက လှိုင်ခေါင်းသံထွက်နေမှာဖြစ်ပါတယ်။

နောက်တနည်းကတော့ အနံ့ကိုနမ်းကြည့်ခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်တနည်းကတော့ အညှာကိုကြည့်နည်းပဲဖြစ်ပါတယ်။ အထဲကအသား ကောင်းမကောင်းကတော့ မျိုးပေါ်မှာမူတည်ပါတယ်။

ယိုးဒယားဒူးရင်းမျိုးကတော့ အသားကောင်းမှာ ဖြစ်ပါတယ်။ ဒူးရင်းသီး အသားကောင်းမကောင်းကတော့ လေးနေမယ်ဆိုရင် အသားပါးပြီး ပေါ့နေမယ်ဆိုရင်တော့ အသားထူမှာပဲဖြစ်ပါတယ်။ ဒူးရင်းပင်ကတော့ နှစ်ရှည်ခံအပင်မျိုးဖြစ်တဲ့အတွက် နှစ်ပေါင်းတစ်ရာကျော်အထိ သက်တမ်းရှိတဲ့အပင်မျိုးလည်း ဖြစ်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly