သတ္တမအကြိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပထမဗဟိုကော်မတီအစည်းအဝေးကျင်းပမည်

သတ္တမအကြိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပထမဗဟိုကော်မတီအစည်းအဝေးကျင်းပမည်

ရန်ကုန်၊ ဇွန် ၅ ။              ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD၏ သတ္တမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို ဇွန်လ ၂၄ရက် နှင့် ၂၅ရက်တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ကျင်းပမည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဉာဏ်ဝင်းက မဇ္ဈိမကို အတည်ပြုပြောသည်။

၎င်းအစည်းအဝေးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဗဟိုကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်မခံရသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အလုပ်မှုဆောင်အဖွဲ့ဥက္ကဌများနှင့် အရန်ဗဟိုကော်မတီဝင်များ တက်ရောက်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များသည် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ ပြည်ထောင်စုတစ်ခုလုံးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကိစ္စများ ထည့်သွင်းဆွေးနွေးရမည်ဖြစ်သည်။

ဗဟိုကော်မတီအစည်းအဝေးနှင့် ပတ်သက်၍ အသေးစိတ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဉာဏ်ဝင်းကို မဇ္ဈိမက မေးမြန်းခဲ့သော်လည်း အစည်းအဝေးကျင်းပပြီးမှသာ သိနိုင်မည်ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags