ထမင်းကြော်စားရာမှ ကလေးငယ် ၁၂ ဦးနှင့် အမျိုးသမီး ၁ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား

ထမင်းကြော်စားရာမှ ကလေးငယ် ၁၂ ဦးနှင့် အမျိုးသမီး ၁ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား

စစ်တွေ၊ ဇွန် ၅ ။              ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် (ဒုံးတိုက်ကွင်း)၌ ဒေါ်နူနူခင်ရောင်းချနေသော ထမင်းကြော်ဆိုင်တွင် ဇွန်လ ၄ ရက် နံနက်ပိုင်းက ထမင်းကြော်
စားရာမှ ကလေး ၁၂ဦးနှင့် အမျိုးသမီး ၁ ဦး အစာအဆိပ်သင့်ပြီး အော့အန်ခြင်း၊ ဝမ်းလျော့ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကလေးတွေက ထမင်းကြော်ကို နံနက် ၈ နာရီမှာစားတာပါ။ ၉ နာရီလောက်မှာ  အော့အန်တယ်၊ ဝမ်းလျှော့တာတွေဖြစ်ကြတယ်။ ဖြစ်ဖြစ်ချင်း ကျွန်မတို့ ဓါတ်ဆားရေတွေ တိုက်ပါသေးတယ်။ မသက်သာလာဘူး။ အစာအဆိပ်အတောက်ဖြစ်သွားတာနဲ့ တူပါတယ်။ အခုတော့ ဆေးကုသမှုခံယူထားပါတယ်။” ဟု ကလေးတစ်ဦး၏ဦး မိခင်ဖြစ်သူ ဒေါ်လှမြသိန်းက ပြောသည်။

ထိုသို့ ကလေးငယ်များ အော့အန်ခြင်း၊ ဝမ်းလျှော့ခြင်းများဖြစ်ပွားခြင်းကြောင့် နံနက် ၁၁ နာရီ အချိန်ခန့်က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

“ဆန် ၂ ဘူးလောက်ပဲ ကြော်ပြီးရောင်းတာပါ။ ကျွန်မကလေးက အရင်ဆုံးစားပြီးမှ ကျန်တဲ့ကလေးတွေက လာစားကြတာပါ။ ကျွန်မက နေ့တိုင်းစားအုန်းဆီနှင့် ကြော်နေတာ။ ဒီနေ့မှ စားအုန်းဆီမလောက်လို့ဆိုပြီး ဝက်ဆီနဲ့ ရောကြော်လိုက်ပါတယ်။အဲဒါကြောင့် ဖြစ်သွားတယ်နဲ့ တူပါတယ်။”ဟု ထမင်းကြော်ရောင်းချသူ ဒေါ်နူနူခင်က ပြောသည်။

အဆိုပါထမင်းကြော်စားကြမှာ အစာအဆိပ်သင့်မှုဖြစ်ပွားသည့် ကလေးငယ်များမှာ အသက် ၄နှစ်မှ ၁၀ နှစ်ကြား ကလေးငယ် ၁၂ ဦးဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် မိန်းကလေး ၁ ဦးဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly