လီဗာပူးလ်အတွက် ပထမဆုံးပွဲဦးထွက်တွင် တိုက်စစ်မှူး ဘန်တီကီဂိုးသွင်းနိုင်ခဲ့

လီဗာပူးလ်အတွက် ပထမဆုံးပွဲဦးထွက်တွင် တိုက်စစ်မှူး ဘန်တီကီဂိုးသွင်းနိုင်ခဲ့

သြဂုတ် ၃၊ ဆွင်ဒန် ။      ။ အက်စတွန်ဗီလာမှ ပေါင် ၃၂ ဒသမ ၅ သန်းဖြင့်ပြောင်းလာခဲ့သည့် တိုက်စစ်မှူး ဘန်တီကီသည် လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက်တွင် ဂိုးသွင်းယူနိုင်ခဲ့သည်။

ဆွင်ဒန်တောင်းအသင်းနှင့်ကစားသည့် ခြေစမ်းပွဲတွင် ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘန်တီကီသည် ကိုက် ၂၀ အကွာမှ ဗော်လီကန်ချက်ဖြင့် လီဗာပူးလ်အသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်စေခဲ့သည်။

ဆွင်ဒန်အသင်းအတွက် အိုဘစ်ကာက ချေပဂိုးပြန်သွင်းခဲ့ပြီး ပွဲပြီးခါနီးတွင် အိုဂျိုက လီဗာပူးလ်အတွက် နောက်ကျအနိုင်ဂိုးသွင်းခဲ့ရာ လီဗာ ပူးလ်အသင်းသည် သြဂုတ် ၉ တွင်စတုတ်စီးတီးအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲဦးထွက်မတိုင်မီ ရာသီကြိုခြေစမ်းပွဲ၌ ၂-၁ ဖြင့် အနိုင်ရသွားခဲ့သည်။

"ဘန်တီကီရဲ့ဂိုးက မယုံနိုင်စရာပဲ။ ထွားကြိုင်းတဲ့ကစားသမားတစ်ယောက်ဆီက အံ့သြစရာကောင်းတဲ့ ကန်ချက်နည်းစနစ်ပါပဲ"ဟု လီဗာပူးလ် နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းခေါ်ယူထားသော အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဖာမင်နိုကိုလည်း ထည့်သွင်းကစားခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ဖာမင်နိုသည် တိုက်စစ်တွင် ဘန်တီကီနှင့်တွဲကစားခဲ့ပြီး ကစားသမားနှစ်ဦးစလုံးမှာ ၆၇ မိနစ်တွင် လူစားလဲခံခဲ့ရသည်။

ကွင်းလယ်ကစားသမား ဂျိုးအလန်မှာ ဒူးကောက်ကြောဒဏ်ရာရရှိသွားသောကြောင့် စစ်ဆေးမှုခံယူရမည်ဖြစ်သည်။ "ဂျိုးအလန်ဒဏ်ရာရ သွားတာကတော့ ကျွန်တော်တို့အတွက် မကောင်းပါဘူး"ဟု ဘရန်ဒန်ရော်ဂျာက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly