ပင်လယ်ပြင်လုံခြံုမူကို မြှင့်တင်နိုင်ပါက မူးယစ်ကုန်သွယ်မှုကို တားဆီးနိုင်မည်

ပင်လယ်ပြင်လုံခြံုမူကို မြှင့်တင်နိုင်ပါက မူးယစ်ကုန်သွယ်မှုကို တားဆီးနိုင်မည်
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဇွန် ၄ ရက်။           ။ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည့် မူးယစ်ဆေးဝါးများကို ပင်လယ်ရေလမ်းကြောင်းမှ အများဆုံးကုန်သွယ်မူပြု လုပ်လျက်ရှိရာ ပင်လယ်ပြင်လုံခြုံရေးကို   မြှင့်တင်နိုင်ပါက မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းကို တားဆီးနိုင်မည်ဖြစ် ကြောင်း မူးယစ်တပ်ဖွဲ့စု(၄၇)၊ ရဲမှူး သိန်းစိုးက RiA သို့ ပြောသည်။

“မူးယစ်ဆေးဝါးကို ပင်လယ်ရေလမ်းက ကုန်သွယ်မှုလုပ်တာ အများဆုံးဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ် တလျှောက်ဆိုရင် ပင်လယ်ပြင်ကို စိုးမိုးဖို့ရာ တော်တော်ခက်ခဲပါတယ်။ ကားတွေနဲ့ သယ်ဆောင်လာတာကိုတော့ တစ်ဂိတ်မဟုတ်ရင် တစ်ဂိတ်က စစ်ဆေးဖမ်းမိနိုင်ပါတယ်။ ပင်လယ်ပြင်မှာ စစ်ဆေးမှုတွေမလုပ်နိုင်တဲ့ ထွက်ပေါက်တွေ အများကြီးရှိတယ်။ ပင်လယ်ပြင်ကို ကျွန် တော်တို့ လုံခြုံမူမြှင့်တင်နိုင်ရင် မူးယစ်ဆေးကုန်သွယ်မူကို တားဆီးနိုင်မှာဖြစ်ပါတယ်”ဟု မူးယစ်တပ်ဖွဲ့စု(၄၇) ရဲမှူးသိန်းစိုးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ အများဆုံးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ရခိုင်ပြည်နယ်မှာတော့ ဘူးသီးတောင်နဲ့ မောင်တောမှာ ဖမ်းဆီးရရှိမူပိုများပါတယ်။ ဒီမူးယစ်ဆေးတွေဟာ ပင်လယ်လမ်းကြောင်းက ဝင်ရောက်လာတာ အများဆုံးဖြစ်တဲ့အတွက် ပင်လယ်လမ်းကြောင်း ထွက်ပေါက်တွေကို ပိတ်ဆို့တားဆီးနိုင်ဖို့ အဓိကလိုအပ်နေပါတယ်” ဟု သူက ဆိုသည်။

စိတ်ကြွရှုးသွပ်ဆေးပြားများအပါအဝင် မူးယစ်ဆေးများကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့တင် ပို့ရောင်းချရာတွင် ရခိုင်ပြည်နယ်ကို အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုလျှက်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly