တူရင်မြို့၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကြည့်ရှုနေသော လူအုပ်ကြီး အထိတ်တလန့်ဖြစ်ပွားခဲ့သောကြောင့် ရာပေါင်းများစွာ ဒဏ်ရာရရှိ

တူရင်မြို့၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကြည့်ရှုနေသော လူအုပ်ကြီး အထိတ်တလန့်ဖြစ်ပွားခဲ့သောကြောင့် ရာပေါင်းများစွာ ဒဏ်ရာရရှိ

ရောမ ဂျွန်  ၄ ။            ။ အီတလီနိုင်ငံ တူရင်မြို့ရှိ ပီယာဇာဆန်ကာလို ရင်ပြင်၌ ဂျူဗင်တပ်စ်ပရိသတ်များသည် ရီးရဲမက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကြီးမားသော တီဗီဖန်သားပြင်နှင့် ကြည့်ရှုအားပေးရန်အတွက် စုရုံးခဲ့ကြ ပြီး ထို့နောက်တွင် လူအုပ်ကြီးသည် မှားယွင်းသော သတိပေးမှုတစ်ခုကြောင့် အထိတ်တလန့်ဖြစ်၍ ဝရုန်းသုန်း ကားထွက်ပြေးခဲ့သောကြောင့် ၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိကာ လူ၄၀၀ ကျော်ခန့် အသေးစားဒဏ်ရာများ ရရှိခဲ့သည်။

ဒေသတွင်းမီဒီယာများ၏ သတင်းတင်ပြချက်အရ အပြင်းအထန်ဒဏ်ရာရရှိသော လူ၅ဦးကို အနီးအနားရှိ ဆေးရုံသို့အလျင် အမြန်ပို့ဆောင်ခဲ့ရကြောင်းနှင့် အခြားဒဏ်ရာရရှိသူများကို မြို့တွင်းရှိဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ကြီးမားသောလူအုပ်ကြီး အထိတ်တလန့်ဖြစ်ပွားခဲ့ရသော အကြောင်းရင်းမှာ မြေအောက်ကားပါကင်သို့သွား သော လှေကား၏လက်ရန်း ပြိုကျခဲ့ခြင်းကြောင့်ဖြစ်ပြီး လူအချို့က ထိုအသံသည် ပေါက်ကွဲမှုဖြစ်ပွားသည့်အသံ ဟု ထင်မှတ်ကာ အော်ဟစ်သတိပေးရင်း ထိုနေရာမှထွက်ပြေးခဲ့သောကြောင့် ဝရုန်းသုန်းကားဖြစ်ကာ ယခုလို ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

မတော်တဆဖြစ်မှုသည် ဒေသစံတော်ချိန် ည ၁၀နာရီ ၁၅ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပရိသတ်များသည် ထိုနေရာမှ လျင်မြန်စွာထွက်ခွာရန် ကြိုးစားခဲ့ပြီး နံရံတစ်ဖက်၌သာ ပိတ်မိနေခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့များနှင့် မီးသတ်သမားများသည် ပီယာဇာဆန်ကာလို ရင်ပြင်သို့ အလျင်အမြန်ရောက်ရှိလာခဲ့ကြ ပြီး အခြေအနေများကို ပုံမှန်အတိုင်း ငြိမ်သက်သွားအောင် ထိန်းသိမ်းလုပ်ဆောင်ခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် လူအုပ်ကြီးကို တဖြည်းဖြည်းနှင့် ရှင်းလင်းပေးနေသောကြောင့် အခြေအနေများ ငြိမ်သက်သွား သော်လည်း ကာဒစ်ဖ်မြို့၌ ကျင်းပနေသော ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အဆုံးသတ်အထိ ကြည့်ရှုသူအနည်းငယ် သာကျန်ရှိခဲ့ပြီး ပရိသတ်အများစုမှာ မှားယွင်းသောသတိပေးချက်အပြီးတွင် ရင်ပြင်ထဲမှ လျင်မြန်စွာထွက်ခွာ သွားခဲ့ကြသည်။

ဂျူဗင်တပ်စ်အသင်းသည် ဗိုလ်လုပွဲတွင် ရီးရဲမက်ဒရစ်အသင်းကို ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly