ဘရာဇီးတွင် ရာဇဝတ်ဂိုဏ်းများမှ သိမ်းဆည်းရမိသည့် လက်နက် ထောင်ပေါင်းများစွာအား ဖျက်ဆီး

ဘရာဇီးတွင် ရာဇဝတ်ဂိုဏ်းများမှ သိမ်းဆည်းရမိသည့် လက်နက် ထောင်ပေါင်းများစွာအား ဖျက်ဆီး

ရီယိုဒီဂျနေးရိုး၊ ဇွန် ၃ ။             ။ ဘရာဇီးနိုင်ငံက စစ်တပ်နှင့် ဗဟိုရဲတပ်ဖွဲ့သည် ရာဇဝတ်ဂိုဏ်းများထံမှ သိမ်းဆည်းရမိသော လက်နက်များနှင့် ဒီယိုဒေါရာမြို့နေများ လာရောက်အပ်နှံသော လက်နက်များ ၄၀၀၀ ကျော်ထက်မနည်းကို ဖျက်ဆီးပစ်ခဲ့သည်။

စစ်တပ်ဂိုထောင်တစ်ခုတွင် ပစ္စတို၊ ခြောက်လုံးပြူး၊ ရိုင်ဖယ်နှင့် ခဲယမ်းမီးကျောက်များကို လမ်းပလက်ဖောင်းပေါ် ပေ ၅၀ နီးပါးအထိ ခင်းဖြန့်ကာ လမ်းကြိတ်စက်ကြီးတစ်စီးဖြင့်   ချေနင်းဖျက်စီးပစ်ခြင်းဖြစ်သည်။
ပျက်စီးသွားသော လက်နက်များကို စစ်သားများက စုယူကောက်သိမ်းကာ အရည်ကျိုမည်ဖြစ်ကြောင်း ပြည်နယ်ရဲထောက်လှမ်းရေး မာစီလိုဒီမွန်က သတင်းထောက်များအား ပြောသည်။

ယခုဖျက်ဆီးလိုက်သည့် လက်နက်အများစုမှာ ၂၀၁၆ ခုနှစ်အတွင်းက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်များဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုလက်နက်များမှ သုံးရန်သင့်တော်သည်များကို ဖယ်ချန်ထားပြီး ထပ်ဖျက်ဆီးရမိလက်နက်များကို ခွဲထုတ်ထားကြောင်း ယင်းကပြောသည်။

"ခုလို လက်နက်တွေ လာရောက်အပ်နှံပြီး ဖျက်ဆီးတဲ့ လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူတွေကိုလည်းတိုက်တွန်းပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags