မနီလာ ကာစီနိုရုံ တိုက်ခိုက်မှု ၎င်းတို့လက်ချက်လို့ အိုင်အက်စ်တို့ ထုတ်ပြန်ပေမယ့် ဖိလစ်ပိုင် ပယ်ချ

မနီလာ ကာစီနိုရုံ တိုက်ခိုက်မှု ၎င်းတို့လက်ချက်လို့ အိုင်အက်စ်တို့ ထုတ်ပြန်ပေမယ့် ဖိလစ်ပိုင် ပယ်ချ

ဇွန် ၃ ။                ။ လူပေါင်း ၃၇ ဦးသေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မနီလာမြို့ ကာစီနိုရုံ ပစ်ခတ်မှုဟာ မိမိတို့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စလမ္မစ် နိုင်ငံတော် အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တို့က ဇွန်လ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ဖြစ်စဉ်ဟာ အကြမ်းဖက်မှုနဲ့ လားလားမျှ မသက်ဆိုင်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်အစောပိုင်းက မနီလာမြို့က ကာစီနိုရုံတစ်ခုကို တစ်ကိုယ်တော် သေနတ်သမားတစ်ဦး ဝင်ရောက်ပြီး ဂိမ်းကစားခုံတွေကို ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်မှာ သေဆုံးသူ အများစုကတော့ မီးလောင်ရာကနေတဆင့် မီးခိုးငွေ့မွှန်ပြီး သေဆုံးရတာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှာ တိုက်ခိုက်သူ အမျိုးသားလည်း ၎င်းကိုယ့်ကိုယ်အဆုံးစီရင်သွားခဲ့တယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂ ရက်နေ့မှာတော့ အိုင်အက်စ်အုပ်စုက ယင်းတိုက်ခိုက်မှုကို ၎င်းတို့ စီစဉ်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီလို ပြောကြားချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က မဆိုင်းမတွ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly