လုံခြံုရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ မဲပေးရွေးချယ်

လုံခြံုရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ မဲပေးရွေးချယ်

ကုလသမဂ္ဂ၊ ဇွန် ၃ ။            ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ဆယ်နိုင်ငံတွင် ခြောက်နိုင်ငံကို နယ်သာလန်၊ ပီရူး၊ အီကွေတာဂီနီ၊ အိုင်ဗရီကို့စ်၊ ကူဝိတ်နှင့် ပိုလန်တို့ကို ကုလသမဂ္ဂက ဇွန် ၂ ရက်တွင် မဲပေးရွေးချယ်သည်။

နယ်သာလန်အနေဖြင့်က ၎င်းနှင့် အီတလီနိုင်ငံတို့ကြား ၂၀၁၆ ခုနှစ်အတွင်းက သဘောတူခဲ့သည့် ၂၀၁၇-၁၈ လုံခြုံရေးကောင်စီအဖွဲ့ဝင်နေရာ လက်လွှဲဆက်ခံရေးကို အထွေထွေညီလာခံက အတည်ပြုလိုက်ခြင်းဖြစ်သည်။

အီတလီနိုင်ငံက လုံခြုံရေးကောင်စီအဖွဲ့ဝင်နေရာကို နယ်သာလန်ထံ လာမည့်နှစ်စတွင် စတင် လက်လွှဲပေးအပ်ရမည်ဖြစ်သည်။

နယ်သာလန်နှင့် အီတလီတို့၏ အဆိုပါ သဘောတူညီမှုအပေါ် အထွေထွေညီလာခံက လက်ခံအတည်ပြုလိုက်ပြီးနောက် ၂၀၁၈-၂၀၁၉ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအဖြစ် ပီရူး၊ အီကွေတာဂီနီ၊ အိုင်ဗရီကို့စ်၊ ကူဝိတ်နှင့် ပိုလန်တို့ကို ထပ်မံရွေးချယ်လိုက်ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် နိုင်ငံများမှာ အမေရိကန်၊ တရုတ်၊ ရုရှ၊ ပြင်သစ်နှင့် ဗြိတိန်တို့ဖြစ်ပြီး ၎င်းနိုင်ငံများက ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly