ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲများ မတိုင်မီ အတိုက်အခံပါတီကို ထောက်ခံသော ဆန္ဒပြမှုများဖြစ်ပွား

ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲများ မတိုင်မီ အတိုက်အခံပါတီကို ထောက်ခံသော ဆန္ဒပြမှုများဖြစ်ပွား

ဖနွမ်းပင်၊ ဇွန် ၂ ။           ။ ကမ္ဘောဒီးယားနိုင်ငံတွင် ဇွန် ၄ ရက်၌ ကျင်းပမည့် ဒေသဆိုင်ရာရွေးကောက်ပွဲများမတိုင်မီ မြို့တော် ဖနွမ်းပင်၌ လမ်းမများတွင် ပြည်သူလုအုပ်များက နိုင်ငံ၏ အဓိကအတိုက်အခံပါတီကို ထောက်ခံခြင်းကို ပြသလျက် ဇွန် ၂ ရက်၌ စုရုံးဆန္ဒပြကြသည်။

လာမည့် ဇွန် ၄ ရက်တွင် နိုင်ငံတစ်ဝန်း ဒေသန္တရကောင်စီအဖွဲ့ဝင်များအား ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲရလဒ်သည် လာမည့်နှစ်တွင် ကျင်းပမည့် တစ်နိုင်ငံလုံးရွေးကောက်ပွဲများအပေါ် သြဇာသက်ရောက်မည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံအား ၃၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် သမ္မတဟွန်ဆန်က ၎င်း၏ ကမ္ဘောဒီးယားကြား သူ့ပါတီ CPP အား ထောက်ခံသူများကို မိန့်ခွန်းပြောရာ၌ နိုင်ငံအား အဆိုးသံသရာဖြစ်စေသည်က မည်သည့်ပါတီလဲဆိုကာ မေးမြန်းခဲ့သည်။

၎င်းအနေဖြင့် ၁၉၇၅ မှ ၇၉ အထိ အုပ်ချုပ်ခဲ့သော ကွန်မြူနစ်အမာခံ Khmer Rouge က ခေါင်းဆောင်ပိုင်းကို ရည်ညွန်းပြောလိုက်ခြင်းဖြစ်သည်။ ခမာများ အုပ်ချုပ်ချိန်အတွင်း ပြည်သူခန့်မှန်း ၁ ဒဿမ ၇ သန်း သေဆုံးခဲ့ရသည်။

ဟွန်ဆန်အနေဖြင့် ယခင်က ၎င်းကိုယ်တိုင် ခမာအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သော်လည်း ခမာအစိုးရအား ဖြုတ်ချခဲ့သည့် ဗီယက်နမ်ကျောထောက်နောက်ခံပြုသော အစိုးရထံ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly