ဟိတ်ဟန်မထုတ်ဘဲ တဲ့တိုးပြောတတ်လို့ ထရမ့်ကို သဘောကျတယ်လို့ ပူတင်ပြော

ဟိတ်ဟန်မထုတ်ဘဲ တဲ့တိုးပြောတတ်လို့ ထရမ့်ကို သဘောကျတယ်လို့ ပူတင်ပြော

ဇွန် ၂ ။            ။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူသဘောကျအနှစ်သက်ဆုံးသော ပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုပြီး ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ဇွန်လ ၁ ရက်နေ့မှာ ထုတ်ဖော်ချီးကျူးသွားခဲ့တယ်လို့   သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

EFE သတင်းဌာနအပါအဝင် နိုင်ငံတကာ သတင်းအေဂျင်စီ ၁၀ ခုက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပူတင်က ပြောကြားရာမှာတော့ သူ့အနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ တစ်ခါမှ တွေ့ဆုံထားရသေးခြင်း မရှိပေမယ့်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်မယ်ဆိုတဲ့ အချက်ကို သဘောတူလက်ခံထားပါကြောင်း ပြောကြားသွားပါတယ်။

အလားတူ မကြာခင် အမေရိကန် ခေါင်းဆောင် ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေတယ်လို့လည်း ပူတင်က ပြောကြားသွားပါတယ်။

" သူ့လို လူမျိုးက ကျွန်တော်နှစ်သက်တဲ့လူမျိုးပါ၊ သူတို့လို လူတွေက ရိုးရှင်းမှု ရှိတယ်၊ ဒဲ့ပဲ ပြောတတ်ကြတယ်၊ ကိစ္စတွေအပေါ် အရိုးသားဆုံး အမြင်နဲ့ပဲ ကြည့်တတ်ကြတယ်၊ ဒါက တကယ့်ကို အကျိုးရှိပါတယ်" လို့ ပူတင်က ပြောပါတယ်။

နောက်ပြီး ထရမ့်နဲ့ သူ့အကြား တူညီတဲ့အချက်တော်တော်များများ ရှိနေကြောင်းလည်း ပူတင်က ပြောဆိုသွားပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ထရမ့်အပေါ် သူ့ဘက်က ကြိုက်တာ မကြိုက်တာက အဓိကမကျဘဲ အရေးကြီးဆုံးက သူတု့ိနှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေဖို့ပဲ ဖြစ်တယ်လို့ ပူတင်က   ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly