၂၁ ပင်လုံညီလာခံအပေါ် လူငယ်တွေ ဘယ်လိုမြင်လဲ

၂၁ ပင်လုံညီလာခံအပေါ် လူငယ်တွေ ဘယ်လိုမြင်လဲ
 

၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ အမျိုးသားသွေးစည်းညီညွတ်ရေးသဘောတူလက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်ဟာဆိုရင် နှစ်ပေါင်း ၇၀ ကျော် တိုင်ခဲ့ပါပြီ။ သွေးစည်းညီညွတ်ရေးအတွက် အခုလို လက်မှတ်ထိုး ညီညွတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ အမျိုးသားသွေးစည်းမှုပြိုကွဲပြီး ပြည်တွင်းစစ်ကြီး တောက်လောင်ခဲ့ရတာ အခုအထိတိုင်ပါပဲ။ ဒီတော့ ဒီဘက်ခေတ် ၂၁ ရာစု ပင်လုံညီလာခံကရော တကယ် စစ်ပွဲတွေအပေါ် အကျိုးသက်ရောက်မှာလားဆိုတာ ကျွန်တော်သူငယ်ချင်းတွေကတော့ အခုလိုပြောသွားကြပါတယ်။

ကျွန်တော်တို့ကတော့ ဒီ ၂၁ ရာစု ပင်လုံညီလာခံကနေမှ အားလုံးလက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေတစ်ခု ထွက်လာဖို့ မျှော်လင့်ပါတယ်။ အခု ကျွန်တော်တို့ ကြားသိရတဲ့ဟာကတော့ ဒီ ၂၁ ရာစု ပင်လုံညီလာခံမှာ အရေးကြီးတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်နဲ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေး သဘောတူညီချက် နောက်ပြီးတော့ ခွဲမထွက်ရေးကိစ္စ ဒီလိုမျိုး အရေးကြီးတဲ့ကဏ္ဍတွေမှာ သဘောတူညီချက် မရခဲ့သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲပြောပြော ကျွန်တော်တို့နိုင်ငံအတွက်တော့ ထိုက်သင့်တဲ့ သဘောတူညီချက်တွေ ရခဲ့တဲ့အတွက် အရွေ့တစ်ခုကို ရောက်လာခဲ့တယ်လို့တော့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက နောက် လာမယ့်ဆွေးနွေးပွဲတွေမှာဆိုရင်တော့ ဒီထက်ပိုပြီးတော့ နိုင်ငံရေးသဘောတူညီချက်တွေ ပိုပြီးတော့ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

သိပ်တော့မသိဘူး ဒါပေမယ့် ကောင်းမယ်လို့တော့ထင်ပါတယ်။

 

 

 

 

ဒီငြိမ်းချမ်းရေးရမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး ရမယ်ဆိုရင်တော့ အများကြီး တိုးတက်မှုတွေ ရနိုင်တယ်ပေါ့။ ဘာဖြစ်လို့ တိုးတက်မှုတွေ ဖြစ်လာနိုင်လဲဆိုတော့ ကလေးတွေရဲ့ပညာရေးတွေ မိသားစု စားဝတ်နေရေးတွေနဲ့ နိုင်ငံမှာ သူ့ဟာနဲ့သူ မလိုလားအပ်တဲ့ ပြဿနာတွေ ဒီလို စစ်မှုကိစ္စတွေလည်း မဖြစ်ဘူးပေါ့။ သူများနိုင်ငံတွေမှာဆိုရင် ပြည်တွင်းစစ်က ရှိတော့ရှိတာပေါ့နော်။ ဒီလောက် တအားကြီးမဖြစ်ဘူး။ အဲတော့ ကိုယ့်နိုင်ငံမှာ တိုးတက်မှု အများကြီး နှောင့်နှေးတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ သူ့လောက် ပေးဆပ် အနစ်နာခံတဲ့သူ မတွေ့သေးလို့ကို သဘောကျတယ်။ အများကြီးလည်း ဂုဏ်ယူတယ်။ ဒီလိုငြိမ်းချမ်းရေးကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အဲလိုဆိုရင် အများကြီးတိုးတက်ဖို့ အခွင့်အလမ်းရှိတယ်လို့ ယုံကြည်တယ်။

 

၂၁ ရာစုပင်လုံညီလာခံက ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး နည်းနည်းလေး ထူးခြားလာမယ်လို့တော့ ထင်ပါတယ်။

 

 

 

 

၂၁ ပင်လုံညီလာခံလုပ်တာ ကောင်းပါတယ်။ လက်မှတ်ထိုးတာလည်း ကောင်းပါတယ်။ ဒါပေမယ့် လက်မှတ်တွေ ခဏခဏ ထိုးနေပြီး ပြည်တွင်းစစ်တွေ ဖြစ်နေဦးမယ်ဆိုရင် ဘာထူးဦးမှာလဲ။

 

 

 

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကြီးက ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်တွေကို အမှန်တကယ် အကျိုး သက်ရောက်မလားဆိုတာကို ကျွန်တော်သူငယ်ချင်းတွေက သူတို့ရဲ့အမြင်တွေကို အခုလိုပဲ ပြောပြပေးသွားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly