အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (အပိုင်း ၁)

01 June 2017
အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (အပိုင်း ၁)

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။

ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ လွှတ်တော်နဲ့ အစိုးရကြား ဘယ်လောက်ထိ အပြန်အလှန် ထိန်းကျောင်းမှုတွေရှိသလဲ ဒီကြားထဲမှာ ပွတ်တိုက်မှုရော ဘာတွေရှိနေသလဲဆိုတာကို ကျွန်တော်တို့ ဒီကနေ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ပထမဆုံး ကျွန်တော် ဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်များနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်ဘေးမှာထိုင်နေတဲ့ ပုဂ္ဂိုလ်ကတော့ ဦးဇေယျာလှိုင်ဖြစ်ပါတယ်။ သူကတော့ မော်ကွန်း မဂ္ဂဇင်းတိုက်ရဲ့ အယ်ဒီတာချုပ်ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဦးကျော်ဇေယျဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဦးရန်ကျော်ဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူဖြစ်ပါတယ်။  အဲတော့ ပထမဆုံး ကျွန်တော် ဆရာဦးရန်ကျော်ကို မေးပါရစေခင်ဗျာ။

ကျွန်တော်တို့ လွှတ်တော်နဲ့ အစိုးရသက်တမ်း တစ်နှစ်ကျော်လာတဲ့အချိန်မှာ အပြန်အလှန်ထိန်းကျောင်းမှုရော ဘယ်လောက်ထိရှိလဲ ဒီကြားထဲမှာရော ပွတ်တိုက်မှု အဆင်မပြေမှု ဘာတွေများ တွေ့ခဲ့ရသလဲခင်ဗျာ။ ဒီ တစ်နှစ်ကျော် သက်တမ်းအတွင်းမှာပေါ့နော်။

ဦးရန်ကျော် (မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ)

ကျွန်တော် ဒီခေါင်းစဉ်လေးနဲ့ ပြောရမယ်ဆိုပြီးတော့ ကျွန်တော်ကို ဖုန်းဆက်လာတော့ ကျွန်တော် တော်တော်လေး စိတ်ဝင်စားတယ်ဗျ။ အဲတော့ အစိုးရဆိုတာကလည်း ကျွန်တော်တို့ တိုင်းပြည်မှာတော့ ခုနကလို ဒီဖက်တို Government ၊ ဒီဂျူရီ Government ပေါ့။ အခုဆိုရင်တော့ ဒါ ဒီဂျူရီ Government ပေါ့။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပေါ့။ လွှတ်တော်ဆိုတာကလည်း ဘယ်လိုပဲပြောပြော Check and Valence အနေနဲ့ ရှိရမယ်။ နောက်ပြီး ဥပဒေပြုမှုမှာဆိုလို့ရှိရင် Body မှာဆိုရင် သူက အမြင့်ဆုံးရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဒီနှစ်ခု Check and Valence ရှိနေမယ်ဆိုလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့ဟာ အင်မတန် ကောင်းတယ်ပေါ့။ နောက်တစ်ခု အစိုးရရဲ့ လွှမ်းမိုးမှုဟာ လွှတ်တော်ပေါ်မှာ အရမ်းများရင် အဲဒါ အာဏာရှင်ဖြစ်သွားတာ။ လွှတ်တော်ရဲ့လွှမ်းမိုးမှုက တအားများရင်လည်း ဗရမ်းဗတာဖြစ်တယ်ဆိုတာလည်း ကမ္ဘာ့နိုင်ငံတွေက ကျွန်တော်တို့ သိခဲ့ရပြီးပြီ။

ကျွန်တော်တို့တိုင်းပြည်အနေနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကျန်ခဲ့တဲ့ သက်တမ်း တစ်နှစ်အတွင်းမှာတော့ အားပြိုင်မှုတွေတော့ အများကြီး ကျွန်တော်တို့ တွေ့ရတာပေါ့ဗျာ။ အားလုံးကို လိုက်လုပ်နေမယ်ဆိုရင်လည်း ပြီးမှာမဟုတ်တော့ဘူး။ နည်းနည်းလေး ဟိုင်းလိုက်လေး လုပ်ပြရမယ်ဆိုရင် ကျွန်တော်တို့ ရန်ကုန်မြို့အနေနဲ့ဆိုရင်တော့ ထင်ထင်ရှားရှားဆိုရင်တော့ YBS ပေါ့ဗျာ။ ဒီမော်တော်ကားကိစ္စတစ်ခုပေါ့ဗျာ။ ဒီဟာတွေမတိုင်ခင်မှာ ကျွန်တော် ထူးထူးရှားရှား မှတ်မိလိုက်တာလေး တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တေ်ာတို့ အကိုကြီး ကိုဝင်းထိန်ကနေပြီးတော့ ပြောတယ်ခင်ဗျာ အစိုးရကို အခက်အခဲဖြစ်စေတဲ့ မေးခွန်းမျိုးကို မမေးပါနဲ့ဆိုတာလေးကို ကျွန်တော် မှတ်သားမိလိုက်တယ်။ တကယ်တမ်း အဲလိုမျိုးက အခုကတော့ ပါတီရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ်က Same ပေါ့ဗျာ။ အရင်တုန်းကလည်း Same ပေါ့ဗျာ။ အဲလိုမဟုတ်ရင်တော့ တစ်မျိုးပေါ့ဗျာ။ အခုဟာက Same ဆိုတာက အဲလိုကြီး လွှတ်ထားလိုက်လို့ရလည်း မဖြစ်သေးဘူးလေဗျာ။ ဒါပေမယ့် အခု YBS လိုကိစ္စမျိုး တကယ့်ကို ဒီလိုကိစ္စမျိုး ဒါ ဒီဘက်ဘေးက အကိုကြီးတို့လည်း ပါပါတယ် ခေါ်ကြတဲ့အချိန်မှာ ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီးက ရောက်မလာခဲ့ဘူးဗျ။ ရောက်မလာခဲ့ပေမယ့် ဝန်ကြီးချုပ်ကြီးက ဘာပြောခဲ့လဲဆိုတော့ YBS စစပြီးချင်း သုံးရက်မှာပဲ သူက ကောင်းမွန်စွာ ပြီးသွားပြီဆိုတဲ့ Message တစ်ခု ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုယ်စား လာခဲ့တဲ့ ဝန်ကြီးဖြေတာကျတော့ ကျွန်မတို့က ကာလတစ်ခု အချိန်ယူရဦးမယ် သူက နှစ်နဲ့ကိုပြောတယ် ဆိုတော့ ဒီမှာတင်ပဲ အစိုးရအဖွဲ့ရဲ့ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ပြောတဲ့စကားက ကွဲလွဲနေတယ်။ ဒါဆိုရင် ကျွန်တော်က အနီးဆုံး ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ လွှတ်တော်ကိုပဲ ကျွန်တော်တို့ ပြကြတာပေါ့။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို လွှမ်းမိုးဖို့ ကြိုးစားနေပြီလား။ သို့မဟုတ် လွှမ်းမိုးပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

နောက်တစ်ချက် ဥပမာလေးတစ်ခု ထပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ မင်္ဂလာတောင်ညွန့် ငါးပြတိုက်အရှေ့ အကွက်ကိစ္စဆိုလို့ရှိရင် လွှတ်တော်မှာ ဒီဟာကို မလုပ်ဖို့ အတည်ပြုပြီးသား။ ဒီ အတည်ပြုပြီးသားကို သူက လုပ်ငန်းရှင်ကို ချပေးလိုက်တာတွေလည်း ကျွန်တော်တို့ တွေ့ရတယ်ဆိုတော့ ဒါမျိုးတွေက တကယ်တော့ တကယ့် ဒီမိုကရက်တစ် Wayကို သွားမယ်ဆိုရင်တော့ ဒါဟာ ရှောင်ရှားသင့်တဲ့ ကိစ္စတွေလို့ ကျွန်တော်က မြင်တယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

အဲတော့ ပထမပိုင်း သုံးသပ်မယ်ဆိုရင်တော့ ဒါ အစိုးရကနေပြီးတော့ လွှတ်တော်ကို လွှမ်းမိုးတယ်လို့ သုံးသပ်လို့ရတယ်ပေါ့နော်။ အဲတော့ အန်ကယ် ဦးကျော်ဇေယျ ကျွန်တော်တို့က တကယ့်တကယ်ရော အန်ကယ်တို့က လွှတ်တော်အမတ်ဆိုတော့ တကယ့်တကယ်ရော ဒီလိုမျိုးတွေ ဖြစ်ခဲ့လား။ အပြင်က လေ့လာသူတွေကတော့ လွှမ်းမိုးနေပြီဆိုတာ မြင်နေပြီပေါ့နော်။ အန်ကယ်တို့က တကယ့်လက်တွေ့ လုပ်နေရတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ပြောပေးပါဦးခင်ဗျ။

ဦးကျော်ဇေယျ (လွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်တိုင်းဒေသကြီး

ဆရာဦးရန်ကျော် ပြောသွားသလိုပေါ့ ကျွန်တော်တို့ ဒီခေါင်းစဉ်ပေါ့ လွှတ်တော်နဲ့ အစိုးရဆိုတော့ ကျွန်တော်တို့ကကျတော့ ကျွန်တော်အဆင့်ကျတော့ တိုင်းဒေသကြီးလွှတ်တော်ပေါ့။ အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် ပြည်ထောင်စုအဆင့်ကတော့ ကျွန်တော်လေ့လာသမျှကတော့ ပြည်ထောင်စုအဆင့်မှာလည်း ဒီလိုပါ Government နဲ့ လွှတ်တော်နဲ့က ဒီလိုပဲ တွေ့နေရတယ်ပေါ့နော်။ အများကြီး တွေ့ရပါတယ်။ ကျွန်တော်ဆိုရင်လည်း သူငယ်ချင်းတွေလည်း လွှတ်တော်မှာလည်း အများကြီပါ။ ကျွန်တော်တို့ ပြန်ပြီးတွေ့ကျတဲ့အခါမှာ သူတို့လည်း ဒီလိုပဲ ညည်းတယ်ပေါ့နော်။ ငါတို့လည်း ဒီလိုပါပဲကွာဆိုပြီးတော့ပေါ့။ ခုနက ဆရာပြောသွားးသလိုပေါ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးဆိုတော့ အမှန်တော့ ဒီဆွေးနွေးပွဲမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးလောက်ပါသင့်တယ်။ တကယ့်လက်တွေ့ကျကျ စဉ်းစားတော့ ကျွန်တော်တို့ ၂၀၀၈ ဥပဒေကိုပဲ ကြည့်ပေါ့ ၂၀၀၈ ဥပဒေက အခြေခံမူပေါ့ အခြေခံ ဥပဒေပြုရေးအာဏာ အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအာဏာ ဒီမဏ္ဍိုင်ကြီး ၃ ခုမှာ အပြန်အလှန်ထိန်းကျောင်းရမယ်ဆိုတာ ပါထားပြီးသား။ နောက်တစ်ခါ ထပ်ပြီးတော့ အပိုင်းလေးမှာထင်တယ်။ အပိုင်းလေးမှာတော့ ဥပဒေပြုရေးပေါ့။ နောက် အုပ်ချုပ်ရေးကို ပြဌာန်းထားတယ်။ အဲဒီမှာလည်း ရှိနေတယ်။ ကျွန်တော်ပြောချင်တာက ဘာလဲဆိုတော့ ၂၀၀၈ ဥပဒေအရကို လွှတ်တော်ကို နည်းနည်းလေး အသာစီးလေးသဘောကို လုပ်ပေးထားတာ။ ဒါမှလည်းပဲ အဆင်ပြေတာကို။ ကျွန်တော်တို့က ဒါကို အာဏာရှင်ဖြစ်မသွားအောင် ထိန်းကျောင်းတဲ့နေရာမှာ လွှတ်တော်ကလည်း အများစုကို။ အဲတော့ ဘာလဲဆိုတော့ အစိုးရက ဥပဒေတစ်ရပ်ကို အာဏာတည်တဲ့ဟာမျိုး ထုတ်ပြန်တာတောင်မှ ပြည်ထောင်စုလွှတ်တော်က သဘောမတူဘူးဆိုလို့ရှိရင် အဲဒီနေ့ သဘောမတူတဲ့နေ့ ရတယ် အဲဒီအမိန့်က ပျက်ပြယ်သွားတယ်။ အဲတော့ အုပ်ချုပ်ရေးကို ပြန်ကြည့်တော့ ကျွန်တော်တို့လွှတ်တော်က တကယ်တော့ ဥပဒေပြုရေး ဖြစ်ပေမယ့်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့ သက်ဆိုင်ရာတစ်ခုကို လွှတ်တော်ကနေပြီးတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနဲ့ စီမံမှုဟာတစ်ခုကို လွှတ်တော်က ထုတ်ပြပြီးတော့ အစိုးရအဖွဲ့ကို အကြောင်းကြားလိုက်မယ်။ အဲဒီအကြောင်းကြားချက်ကိုလည်း အစိုးရက အရေးတယူ ပြန်ပြီးတော့ ဆောင်ရွက်ပေးရတယ်။ အကြောင်းအရာတစ်ခုပေါ့နော် အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို အဲဒါကရှိတယ် ကျွန်တော်တို့က ၂၀၀၈ ဥပဒေမှာ ပြဌာန်းထားပြီးသား။ အစိုးရအဖွဲ့က အရေးယူပြီးတော့ လွှတ်တော်ကို ပြန်ပြီးတော့ အစီအရင်ကို ခံရမယ်။ နောက်တစ်ခါ စီမံကိန်းတွေ ကျွန်တော်ထင်တယ် အပိုဒ် ၂၅၁ လားမသိဘူး စီမံကိန်းတစ်ခု လုပ်မယ်ဆိုလို့ရှိရင် လွှတ်တော်ရဲ့ အတည်ပြုချက် ယူကိုယူရမယ်။ လွှတ်တော်ကို လာတင်ပြရမယ် ရှင်းပြရမယ်။ လွှတ်တော်ကနေ ဆုံးဖြတ်ချက်နဲ့ ဆက်လုပ်ရမယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ခုနက ဆရာရန်ကျော်လည်း ပြောသွားတယ် YBS ဆိုရင်လည်း ကျွန်တော်တို့ ဒီအတိုင်းပဲ ကျွန်တော်ပြောတယ်ပေါ့ ကျွန်တော်ကတော့ ရည်မှန်းပြီးတော့ လုပ်တာကတော့ ပြည်သူ့အတွက် YBS ဆိုပြီးတော့ လုပ်တယ် ဒါပေမယ့် အခု လက်ရှိအခြေအနေမှာတော့ ပြည်သူစိတ်ပျက် YBS ဖြစ်နေပါတယ်လို့ ကျွန်တော်ပြောလိုက်တော့ ကျွန်တော်ပြောပြီးတော့ ကျွန်တော် ထိုင်ချလိုက်တယ်။ နိဂုံးချုပ်ပါတယ်ဆိုပြီးတော့ နောက်နေ့ရှင်းပြတော့ ခုနက ဆရာပြောသလိုပေါ့ ဝန်ကြီးချုပ် ခွင့်ယူတယ်ပေါ့ ဝန်ကြီးချုပ် ခွင့်ယူတာကလည်း ဝန်ကြီးချုပ်ကလည်း အကြောင်းအမျိုးမျိုးပဲ ဝန်ကြီးချုပ် ခွင့်ယူတဲ့နေ့မှာ ကျွန်တော်ကတော့ စောင့်ကြည့်တာပေါ့။ ဝန်ကြီးချုပ်ခွင့်ယူတယ် ဘာကြောင့် ခွင့်ယူသလဲ ငါတို့ လွှတ်တော်ထက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်တာလား။ ဒါ ကျွန်တေ်ာတို့ ကြည့်ရမယ်။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကြည့်ရမယ်။ ဝန်ကြီးချုပ်ခွင့်ယူတယ် ဘာဖြစ်လို့ယူတယ် ယူပါ ဒါကလည်း သူ့ရဲ့အခွင့်အရေးတစ်ရပ်ပဲ။ ကျွန်တော်တို့လည်း ယူလို့ရတာပဲ။ ဒါပေမယ့် ယူတယ် ဘာကြောင့် ယူတယ်ဆိုတာကိုပေါ့ ဒါပေမယ့် ကျန်းမာရေးကို သူက အကြောင်းပြတယ်။ ကျန်းမာရေးအကြောင်းပြတော့ အဲဒီနေ့မှာ သူဘယ်မှာလဲ ဆေးရုံမှာလား အိမ်မှာပဲလဲနေသလား ဒါမှမဟုတ် ရုံးခန်းထဲမှာပဲ ကျန်းမာရေးမကောင်းလို့ မထွက်နိုင်တာလား အဲလိုလည်း ကျွန်တော်တို့ မတွေ့ရဘူးပေါ့နော်။ ဒါကလည်း ကျွန်တော်တို့ သုံးသပ်တာပေါ့နော်။

အဲဒီတော့ ကျွန်တော် ပြန်အစကောက်ရလို့ရှိရင် ဒီဟာက ဝန်ကြီးက လာရှင်းပြတယ် ဒါ နိုင်ငံရေးပယောဂကြောင့် ပြည်သူတွေက YBS လက်မခံဘူးဆိုတော့ ဒါဟာ ကျွန်တော်တို့ကတော့ သုံးသပ်တယ် ငါတို့အစိုးရ ငါတို့ထင်တယ် ငါတို့ ကလဲဗား မကျဘူးပဲ။ ငါတို့ကို လွှတ်တော်က ဒါ ကောင်းစေချင်လို့ ဒီထက် ကျွန်တော်တို့လည်း ကြိုက်တာပေါ့ ဒီ YBS စနစ်ကို ဒီထက်လည်း အောင်မြင်စေချင်တာပေါ့။ ကြိုက်တယ် ပြည်သူတွေ ယာဉ်ကြောကျပ်တည်းမှုကို လျော့ကျစေမယ်။ ပြည်သူလူထု အဆင့်မြင့်မြင့် ကားတွေ စီးနိုင်မယ်ဆိုရင် ကောင်းတာပေါ့နော်။ ဒါပေမယ့် အဲလိုမျိုး ဖြစ်မလာဘူး။ ဖြစ်မလာတော့ ကျွန်တော်တို့က ဒါကို ထုတ်ပြတဲ့အခါကျတော့ အမှန်တော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ကျေးဇူးတင်ပါတယ် ကျွန်မတို့ ဒီကနေ့အခြေအနေကြိုးစားနေပါတယ် ဒီထက်ကောင်းအောင် လုပ်နေပါတယ်။ ဝိုင်းဝန်းကူညီပေးကြပါ။ ပြည်သူတွေကိုလည်း နားလည်အောင် ရှင်းပြကြပါရှင်။ ကျွန်မတို့ လိုက်နာဆောင်ရွက်ပါ့မယ်လို့ ပြောလိုက်ရင် ကျွန်တော်တို့လည်း လက်ခုပ်တီးပြီးတော့ သြဘာပေးမှာပဲ ငါတို့အစိုးရသည် အိုကေ ပြုပြင်တယ်။ အော် ပြည်သူတွေကလည်း ထောက်ပြသွားပြီ ဘာပဲပြောပြောပေါ့ အဲလိုလေးဆိုတော့ ကောင်းတာပေါ့။ အဲဒါလေးတွေတော့ ရှိပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ပါ။ ဒါကတော့ ထင်ရှားတဲ့ ဥပမာတစ်ခုပေါ့နော်။ ရန်ကုန်တိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စပေါ့။ ဆိုတော့ ကျွန်တော်တို့ ပြည်ထောင်စုအဆင့်မှာရော ဘာတွေများရှိခဲ့သလဲ ရှိခဲ့ပြီးပြီလဲ ဦးဇေယျာလှိုင်။

ဦးဇေယျာလှိုင် (အယ်ဒီတာချုပ်)

မော်ကွန်းမဂ္ဂဇင်း

ကျွန်တော်ကတော့ မီဒီယာသမားဆိုတော့ မီဒီယာသမားနဲ့ ဆက်စပ်တဲ့ကိစ္စလေးတစ်ခုပေါ့နော်။ ကျွန်တော်တို့ သတင်းမီဒီယာကောင်စီမှာလည်း အင်ဗော့ ဖြစ်နေတော့ ဒီ မီဒီယာဥပဒေ ပြုပြင်ဖို့နဲ့ နောက် နာမည်သိပ်ကြီးနေတဲ့ ၆၆(ဃ)ကို ပြင်ဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားတာပေါ့နော်။ မီဒီယာသမားတွေတင်မကပဲနဲ့ ကျန်တဲ့ CSO တွေပါ ပါအောင် လှုပ်ရှားမှုတွေလုပ်ကြတယ်။ နောက်ပြီးတော့မှ နေပြည်တော်မှာပဲ ကျွန်တော်တို့ ဒီမဏ္ဍိုင်ကြီး ၄ ရပ် တွေ့ဆုံပွဲတွေလုပ်ကြတယ်။ အဲဒီတုန်းက ကိုမျိုးသန့်လည်းပါပါတယ်။ ဆိုတော့ အဲဒီမှာ ဒီ လွှတ်တော် ကိုယ်စားလှယ်တွေပေါ့နော် ကျွန်တေ်ာတို့ မိတ်ဆွေတွေလည်းပါပါတယ်။ အရင်တုန်းက ကိုယ်စားလှယ်မဖြစ်ခင်က ကျွန်တော်တို့နဲ့ သိပ်ပြီး ရင်းနှီးတဲ့သူတွေလည်း ရှိကြတယ်ပေါ့နော်။ ဆိုတော့ အဲဒီမှာ ကျွန်တော်တို့ တင်ပြဆွေးနွေးကြတဲ့အခါမှာ ဘာပြန်ကြားရလည်းဆိုတော့ ၆၆(ဃ)ကို တင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က ကြိုးစားတာတွေရှိတယ်။ ဒါပေမယ့် ပြဿနာက လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က ဒါကို ခွင့်မပြုတဲ့ပုံစံဖြစ်နေတယ်။ အဲတော့ ဆရာဦးရန်ကျော်ပြောတယ် ကိုမျိုးသန့်လည်းပြောတယ်ပေါ့နော် အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ် Check and Valance ရှိရဲ့လား။ အစိုးရလွှတ်တော်တွေမှာ ပါတီပါ ထည့်တွေးရမယ့်အပေါက်ဖြစ်လာတယ်။ ပါတီကလည်း အတူတူဖြစ်တာဆိုတော့။ ပါတီက ကျွန်တော်ထင်တယ် အစိုးရကလည်း လွှတ်တော်ထွက်သလို ပါတီကလည်း ကျွန်တော်ထင်တယ် လွှတ်တော်ကို ကောင်းကောင်းချုပ်ထားတယ်ဆိုတာကို ကျွန်တော်တို့က မြင်ရတယ်ပေ့ါနော်။ ကျွန်တော်တို့ဒီ သတင်းအချက်အလက်တွေ ရယူတဲ့အနေအထားနဲ့ ဆိုတော့ ကျွန်တော်တို့ ဒီ ဦးရွှေမန်းဦးဆောင်တဲ့ အထူးကိစ္စတွေကော်မရှင်ပေါ့နော် တချို့ကိစ္စတွေမှာ ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာ သူ့ဘက်ကနေပြီးတော့ ဒီ ၆၆(ဃ)ကို ပြင်ဆင်ဖို့အတွက်ကို သူ လွှတ်တော်ကို တင်ပို့ထားတာရှိတယ်။ ဒါပေမယ့် သူ လွှတ်တော်ဥက္ကဋ္ဌကို တွေ့တဲ့အခါမှာ သူ့ဆီကို မရောက်ဘူးလို့ ဘူးခံငြင်းတယ်။ ကျွန်တော်တို့ထဲက ကောင်စီဝင်တစ်ယောက်က လှမ်းထောက်တဲ့အခါမှာ ဦးဝင်းမြင့် မျက်နှာပျက်သွားတဲ့ဟာမျိုးတွေ ရှိတာပေါ့။ အဲတော့ ၂၁ က ကြားတာက ဒါကို အစိုးရက မပြင်ဆင်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကိုယ်တိုင်က ဒီဥပဒေပုဒ်မနဲ့ စွဲတာ မနည်းတော့ဘူး။ ကျွန်တော်ထင်တယ် ဦးသိန်းစိန်လက်ထက်က စွဲတာက တစ်ဒါဇင်မပြည့်ခဲ့ဘူး။ ၇ ခု ၈ ခုလောက်ပဲရှိတယ်။ အခု ဒီမှာ ကျွန်တော်သိသလောက်က အမှုပေါင်း ၅၀ ကျော်သွားပြီ။ ၅၄ လား ၅၅ လား ဖြစ်နေပြီဆိုတော့ ကြည့်တဲ့အခါမှာ အစိုးရအရာရှိတွေက ဒါကို သုံးနေတာတွေ့ရတယ်ဆိုတော့ အစိုးရက ဒါကိုကိုင်ထားတယ် ခုနကပြောတယ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒါကြီးက အသုံးမကျပါဘူး အာဏာရှင်အစိုးရ လုပ်ခဲ့တာပါဆိုတာကို သူက အာဏာရှင် ထပ်ဆန်နေတယ်။ အဲဒါ နည်းနည်းတော့ ဆိုးတာပေါ့။ လွှတ်တော်က ဒါကို သူ လှန်လို့မရဘူးဖြစ်နေတယ်။

နောက်တစ်ခုက အစိုးရက အခုချိန်ထိ ကျွန်တော်ထင်တယ် ပြည်ထောင်စုအစိုးရရော အောက်ခြေ ပြည်နယ်နဲ့ တိုင်းအစိုရပါ ပွင့်လင်းမြင်သာမှု ပျောက်ဆုံးနေတယ်။ မီဒီယာသမားတွေကို သူတို့ ပွင့်ပွင့်လင်းလင်း မပြောနိုင်ဘူး။ မီဒီယာသမားကို မပြောဘူးဆိုတာ ပြည်သူကို မပြောတာနဲ့ တူတူပါပဲ။ လွှတ်တော်ကိုယ်စားလှယ်က သူ့မှာ အဆင့်တစ်ဆင့် ကျွန်တော်တို့ထက် ပိုတာရှိတယ်။ အရာရှိတွေ ဝန်ကြီးတွေကို ခေါ်မေးလို့ရတယ်။ သူတို့ခေါ်တာတောင် မလာဘူးဆိုကတည်းက ဒီ လွှတ်တော်ကိုယ်စားလှယ်နဲ့ လွှတ်တော်ကို အသိအမှတ်မပြုဘူးဆိုတာက လူထုက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကို အသိအမှတ် မပြုခြင်းက လူထုကို အသိအမှတ်မပြုခြင်းပဲ။ ဆိုတော့ အခု ကျွန်တော်တို့က ရန်ကုန်တိုင်းမှာ မေးစရာက YBS ပေါ့နော်။ အခုဆိုရင် ကျွန်တော်တို့ ကြားနေရတာက အခု ကားသွင်းတဲ့ကိစ္စမှာ အရင်အာဏာရှင်ဟောင်းတွေရဲ့ မြေးတွေ ပါတယ်လို့ ကြားတယ်။ အဲတော့ ကျွန်တော်တို့က အမြဲတမ်းကြားတယ်။ အရင်တုန်းက တော်လှန်ရေးမှာ စတေးခဲ့ရတဲ့ သွေးတွေ ချွေးတွေ အသက်တွေက ဒီအာဏာရှင်တွေနဲ့ ပြန်ပေါင်းဖို့ မဟုတ်ဘူးဆိုတာကို အစိုးရကို သိစေချင်တယ်။ အဲဒီမေးခွန်းတွေ ကျွန်တော်တို့က မေးချင်တယ်။ ဒါပေမယ့် အကန့်အသက်တွေ တအားများတယ်။ အရင် စစ်အစိုးရခေတ်ကလိုပဲ စာတင်ခဲ့ပါတို့၊ နောက်ပြီး မေးချင်တဲ့မေးခွန်းပဲ မေးပါလို့ ပြောပြီးတော့ ပြန်မလာတာတွေ အများကြီးပဲ။

နောက် ဥပဒေတွေမှာ ကျွန်တော်တို့ မီဒီယာဥပဒေတွေမှာ မေးမြန်းခွင့်ပေးထားတာတွေရှိတယ်။ အဲဒီဥပဒေကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရော ပြည်ထောင်စုအဆင့် အစိုးရတွေကပါ ဒီဥပဒေကို အသိအမှတ်မပြုဘူး။ မျက်ကွယ်ပြုနေတယ်။ အဲဒီတော့ ဥပဒေနဲ့အတူ လွှတ်တော်ကမေးတဲ့ မေးခွန်းတွေကို ရှောင်းပြီးဖြေတယ်။ ခုနက ခွင့်ယူတဲ့ကိစ္စမျိုးတွေပေါ့နော်။ ဆိုတော့ မြင်တာကတော့ လွှတ်တော်ကို သူတို့က သိပ်ပြီးတော့မှ အရေးမစိုက်တဲ့ပုံစံ ကျွန်တော်ထင်တယ် လွှတ်တော်ကို ဂရုမစိုက်ခြင်းက လူထုကို ဂရုမစိုက်ခြင်းလို့ပဲ ကျွန်တော်မြင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly